chapter 6

83 16 0
                                    

ပွဲကြည့်ပရိသတ်တွေက ဆူဆူညံညံဖြစါလာပြီး သူတို့မျက်လုံးတွေက တပြိုင်နက် ပြူးကျယ်သွားကြသည်။

အရိုက်ခံရတဲ့ကောင်းလေးက မတုန့်ပြန်နိုင်သေးပေ။ သူ့ရှေ့က ဖူချန်ကျယ်ကို ငေးကြောင်ကြောင်းစိုက်ကြည့်လိုက်ပြီး စကားကိုအထစ်အထစ် မပြောခင် ခနလောက်ထိန်းထားလိုက်သည်။

"ဖူ-ဖူကော ကောလူမှားရိုက်နေတာလား?အတုကောင်က ဟိုမှာလေ....."

ဒီကြမ်းတမ်းသော နာမဝိသေသေန ထပ်ထွက်လာတာကြားလိုက်ချိန်မှာတော့ ဖူချန်ကျယ် ချက်ချင်းမျက်မှောင်ကြုံ့လိုက်ပြီးတော့ သူ့ကိုထပ်ရိုက်လိုက်ပြန်သည်။

ဘေးဘက်ကနေ အံ့အားသင့်သွားသည့်အသံတွေ ထွက်ပေါ်လာသည်။ နောက်ဆုံးတော့ လူတွေက ဖေယန်နဲ့ ဆက်ဆံရေးကောင်းရှိခဲ့ဖူးတဲ့ ဖူချန်ကျယ်က ဖေယန်မိသားစုကို လုသွားတဲ့ လူကိုကာကွယ်နေတာဆိုတာ သိသွားကြသည်။

ခေါင်းရိုက်ခံရတဲ့ကောင်လေးက နောက်ဆုံးတော့ သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်ပြီး စကားထပ်မပြောရဲတော့ပေ။ သူ သူ့ခေါင်းကို ဝမ်းပန်းတနည်း ပွတ်လိုက်ပြီး ဖူကောကဘာလို့ သူ့ကို ရုတ်တရက် ဆန့်ကျင်နေမှန်း နားမလည်နိုင်တော့ပေ။

ဖူချန်ကျယ်လည်း သူကိုယ်တိုင်ရဲ့ သတိမမူဘဲ ပြုလိုက်မိတာကို လန့်သွားတယ်။ အတွင်းပိုင်း အကြောင်းကြားပြီးတဲ့နောက် အစပိုင်းမှာတော့ ဖေချင်းယွမ်က သနားစရာကောင်းတယ်လို့ဘဲ ထင်မိခဲ့သည်။ဒါကြောင့်မို့ဘဲ သူတခြားသူကို ကူညီပေးမယ်လို့ ပုံမှန်အတိုင်းပြောလိုက်မိတာဘဲ။

ဒါပေမဲ့လည်းသူကျောင်းရောက်လာကတည်းက ဖေချင်းယွမ်အကြောင်းကို လူတွေပြောနေတာ ဆက်တိုက်ကြားနေရသည်။ တချို့က သူ့ကို အတုလို့ခေါ်နေကြပြီး ပိုပြီးတော့တောင်ဆိုးရွားတဲ့ ကောက်ချက်ချမှုတွေ ထင်ကြေးတွေတောင်ရှိသေးသည်။ သူတို့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေက ဒီရေလှိုင်းလို တလိပ်လိပ်တက်လာကြတယ်။ သူတို့က နောက်ကွယ်က အမှန်တရားကို မသိပေမဲ့လည်းပေါ့။

ဖုချန်ကျယ်က ဆူညံနေတဲ့ အသံတွေကြားထဲမှာ ရုတ်တရက် သူ့ကိုကောင်လေးပြောလိုက်တာကို သတိရလိုက်တယ်။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now