chapter 13

80 14 0
                                    


စက်ြန်လမ်းကို ဖြတ်လျှောက်သွားချိန်ရခဲ့တဲ့ ပေါင်မုန့်နံ့က အိမ်ပြန်တဲ့လမ်းတလျှောက် ဖေချင်းယွမ် အနံ့ရနေခဲ့သည်။

ညနေခင်းရဲ့ အဖိုးတန်မိနစ်၄၀အချိန်ကို ဂျီတုန်က နာရီဝက်လောက်ကို ဘတ်စကတ်ဘောအသင်းနဲ့ ဖြုန်းလိုက်ပြီး ကျန်တဲ့ဆယ်မိနစ်ကိုတော့ သူနဲ့ အိမ်ပြန်လိုက်ပေးသည်။

သတ်မှတ်ချိန်က ၂မိနစ်ရောက်ာကြောင့် သူတို့ အိမ်ကိုအချိန်မှီပြန်မရောက်နိုင်တော့ပေ။ဒါကြောင့်ဂျီတုန်က ဆိုင်သိမ်းတော့မယ့် ပေါင်မုန့်ဆိုင်ရဲ့တံခါးနားမှာဘဲ သူ့ကိုချခိုင်းလိုက်တယ်။

ညဘက်မှာ ပေါင်မုန့်ဆိုင်က အမွှေးဆုံးဘဲ။ နူးညံ့တဲ့ ပေါင်မုန့်ဖုတ်တဲ့အနံ့လေးက ညင်သာစွာပျံ့လွင့်လာခဲ့တယ်။ ဂျီတုန်က မှန်ပြတင်းပေါ် ခေါင်းမှီတင်လိုက်ပြီး အထဲက လှလှပပပုံဖော်ထားတဲ့ အစာသွတ်မုန့်တွေကို မက်မက်မောမော ကြည့်လိုက်၏။

ကြက်ကြော်အထုတ်ကြီး တစ်ထုတ်လုံးစာပြီးနောက် သူဘာမှထပ်မစားနိုင်တော့ပေ။အခုတော့ သူပေါင်မုန့်အနံ့တွေဘဲပိုရချင်တော့တယ်။ဒါမှ သူစိတ်အခြေအနေနယ်မြေ ပြန်ရောက်ရင်တောင် အချိုနံ့လေးနဲ့ ဝန်းရံခံထာရမှာလေ။

ဖေချင်းယွမ်က ရယ်ရတယ်လိ့ထင်ပေမဲ့လည်း သဘောတူလိုက်ပါတယ်။ သူဂျီတုန်ရဲ့နောက်မှာ တိတ်တိတ်လေးရပ်နေလိုက်ပြီး စောင့်နေလိုက်တယ်။

လရောင်က နူးညံ့စွာ တောက်ပနေခဲ့တယ်။

၂မိနစ်လောက်နေတော့ အစွမ်းတွေပျောက်ကွယ်ကုန်ပြီး ခရင်မ်ဖြူရောင်အကျီနဲ့ အပြာရောင်ဘောင်းဘီဝတ်ထားတဲ့ကလေးလေးလည်းရော လွယ်အိတ်သေသေးလေးရောပျောက်ကွယ်သွားပေမဲ့ ဘတ်စကတ်ဘောအသင်းက စိတ်အားတသန်ထည့်ပေးထားတဲ့ မုန့်တွေကတော့ရှိနေသေးသည်။ ဂျီတုန်က မုန့်တွေကို စိတ်အခြေအနေနယ်မြေထဲ မယူလာနိုင်ခဲ့ပေ။

ဒါကြောင့် ဖေချင်းယွမ်က ကျောင်းစာအုပ်ထည့်ထားတဲ့ လွယ်အိတ်ကို ပုခုံးတဖက်ကလွယ်ပြီး မုန့်တွေကိုတော့ နောကတဖက်မှာလွယ်ထားရတော့သည်။ သူလက်မှာတော့ အာလူးကြော် အထုတ်တွေနဲ့ ကွတ်ကီးတွေကို ကိုင်ရင်း အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့သည်။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now