chapter 15

99 12 2
                                    

ကျောင်းသားတွေ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရတဲ့ လပတ်တွေက အဆုံးသတ်ကိုရောက်ရှိလာခဲ့ပြီ။ ကျောင်းသာတွေစောင့်မျှော်နေတဲ့ အပတ်ကနောက်ဆုံးတော့ရောက်လာခဲ့ပြီ။

မြို့က အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတေွ ကျောင်းပိတ်ရက်တွေမှာ ကျောင်းသားတွေ အတန်းတွေတက်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့အတွက် ဖေချင်းယွမ်က ၂ရက် အားလပ်ရက်ရနေသည်။

ကျောင်းဖွင့်ရက်တွေမှာတော့ ဖေချင်းယွမ်က ကျောင်းစောစောထွက်ပြီး နောက်ကျမှပြန်လာခဲ့သည်။ သူလော့ရှိုးယွင်နဲ့ သိပ်ပြီးတော့ ပြောဆိုမဆက်ဆံချင်ပေ။ ခုတော့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် လော့ကျစ်ချန်က အလုပ်သွားစရာမလိုအပ်ပေ။ သူတနေကုန် ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတာကြောင့် ဖေချင်းယွမ် အိမ်မှာနေဖို့ကို ပိုပြီးတော့ တွန့်ဆုတ်နေမိတာဖြစ်သည်။

မနက်ခင်းမှာ သူအိပ်ရာထဲမှာ ကြာကြာမနေဘဲ သူ့မိသားစုတွေ မနိုးခင် ဂျီတုန်ကိုမနက်စာကျွေးဖို့ ခေါ်ခေါ်သွားသည်။

မမျှော်လင့်ထားစွာနဲ့ဘဲ သူ့host က ပိတ်ရက်တွေမှာ‌တောင် အိပ်တောင်မအိပ်ဘူးဘဲ။ ဘယ်လိုတောင် အကြင်နာတရားမရှိတဲ့လူပါလိမ့်။

ဂျီတုန်ပန်းကုတင်ဘေးမှာ မထုံတတ်ထေးအမူအယာ၊ ထိုးထောင်နေတဲ့ ဆံပင်နဲ့ထိုင်နေလိုက်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ဆိုင်ရှေ့မှာ ဖေချင်းယွမ်တန်းစီနေတာကိုကြည့်နေိုက်တယ်။

သူဒီနေ့ကောင်းကောင်း မအိပ်လိုက်ရပေ။ ပြီးတော့လည်း ဖေချင်းယွမ်နှိုးလိုက်တာကြောင့် ဒီနေ့သူ ချောမောခန့်ညားတဲ့ စတိုင်လုပ်ဖို့ အချိန်မရလိုက်ပေ။

Host က သူစားတာကြိုက်တာသိပေမဲ့ အိပ်ရတာကြိုက်တာကိုတော့ သတိမထားမိသေးပေ။

ဟုတ်တယ်။ သူကဒီလို တမူထူးတဲ့ စစ်စတန်တစ်ခုဘဲလေ။

ဖေချင်းယွမ် အိတ်တော်တော်များများကိုသယ်ပြီးပြန်လာခဲ့သည်။ သူပထမဆုံး အပူချိန်အနေတော်ရှိတဲ့ ပဲနို့ခွက်ကို ဂျီတုန်လက်ထဲပေးလိုက်ပြီး သူဘေးမှာရှိတဲ့ကျောက်တုံးပေါ် တစ်ရှူးချလိုက်ပြီး အဲ့ဒီအပေါ် ကြက်ဥဘာကာတင်လိုက်ကာပြောလိုက်သည်။ "အဲ့တာက အခုမှချက်ထားတာဆိုတော့ ပူသေးတယ်။ နောက်မှစားလိုက်နော်။ "

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now