အပိုင်း(၂၈) uni & zg

7.7K 227 9
                                    

Unicode

စာမပို့ရတာ ကြာပြီဖြစ်သောconversationလေး၊အလုပ်ကိစ္စကလွဲရင် ဖုန်းလဲမဆက်ဖြစ်တော့ ၊
အရင်လိုလျှောက်သွားဖို့ဆိုပိုလို့တောင်မဖြစ်နိုင် သေးပေ ၊ သူ့ရုံးခန်း ဆိုဖာပေါ်မှာ ဂိမ်းထိုင်ဆော့နေတတ် သော ပုံရိပ်ငယ် ၊ အစားအသောက်မျိုးစုံ မှာစားတတ် သောကောင်လေး ထိုအရာအားလုံး ပျောက်ကွယ်သွားခဲ့တာ လအတော်ကြာခဲ့ပီ၊ သူနဲ့စိုင်းခက် ရင်းနှီးခဲ့ကြတဲ့ လတွေအတွင်း
အမှတ်တရတွေအတော်ပင် များလှသည်။
သူ့ဘက်ကသာ စိုင်းခက်ဆီ အလုပ်သာ မအပ်ခဲ့လျှင် ဒီကောင်လေး နဲ့ တွေ့ရဖို့တောင်မသေချာတော့ဘူးမို့လား။ သူ့ဘက်ကသာချီ ကပ်တွယ်မိနေတာ သူများအပိုင်ကိုမှ အရှက်မရှိ ဆက်ချစ်မိနေတာ။

သို့ပေမဲ့ ဘယ်တော့မှရှေ့ဆက်တိုးမှာမဟုတ်ပေ၊
မရိုးသားတဲ့ အပြုအမူအပြောအဆိုတွေလဲ
အကုန်ဆင်ခြင်ဖြစ်သည်။ ဒီတိုင်း ... ဒီတိုင်းလေး
မြင်နေချင်ရုံလေးပါ။ ဘာမျှော်လင့်ချက်မှ မထားတော့သလို ပိုင်ဆိုင်ဖို့လဲမကြိုးစားတော့ပါ၊ ငေးကြည့်နေရုံလေးနဲ့ပဲ သူ့ကိုမမေ့နိုင်ရင် တောင် တဖြည်းဖြည်း move on နိုင်အောင်သာကြိုးစားဖို့ ဆုံးဖြတ်ထားသည်။ သူ့ကြောင့်နဲ့ တစ်ဖက် သားစိတ် အနှောင့်အယှက်ဖြစ်စေမဲ့
လုပ်ရပ်မျိုးတွေကို ဘယ်တော့မှလုပ်မည်မဟုတ် လို့ အရာအာလုံးကို စည်း ဘောင်တွေအတွင်းကပဲနေဖြစ်သည်။

ချက်ချင်းမေ့ပစ်ဖို့မဖြစ်နိုင်လို့ မင်းအနားမှာ နေမိနေရုံလေးပါ ။ ကိုယ့်မှာ အခြားရည်ရွယ်ချက်မရှိရပါဘူး ၊ ကိုယ့်စိတ်ကို တည်ငြိမ်အောင် လုပ်နိုင် တဲ့တစ်နေ့တော့ မင်းအနားကနေ တဖြည်းဖြည်းပျောက်ကွယ်ပေးပေ့ါမယ်။တကယ်တော့ မင်းက ကိုယ့်ဘဝထဲကို ဧည့်သည်အဖြစ်ခဏဝင်လာခဲ့တာ ဖြစ်သလို ၊ ကိုယ်ကလဲ မင်းဘဝထဲကို ဧည့်သည်အဖြစ်ခဏဝင်လာခဲ့တာ မိတာပဲလေ ။ ရှေ့ဆက်ပြီးမင်းအနားမှာ ကိုယ်နေရင် ဒီငြိုတွယ်မှုတွေ အချစ်တွေက ရပ်တည့်လို့ရတော့မှာမဟုတ် ဘူး ၊ ကိုယ့်အချစ်တွေကို တသက်လုံးသိမ်းထားပြီး ကိုယ်အဝေးကနေပဲ ချစ်နေပါ့မယ်။

Phone wallpaper က နောက်ကျောပြင် လေးကို
စိုက်ကြည့်နေရင်း အတွေးများစွာဖြင့် သက်ပြင်းချမိတာ အကြိမ်ကြိမ်ပင် ၊ အတွေးတို့ကို အဆုံးသတ်လျက် ထို wallpaper လေးကို change ပစ်လိုက်တော့သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now