အပိုင်း(၂၉)uni & zg

7.2K 207 7
                                    

Unicode

စိုင်းခက်တို့အိမ်ပြန်ရောက်တော့ ည၁၁ နာရီ၊
ဟိန်းကတော့ရောက်ထဲကတန်းအိပ်သွားပေမဲ့
စိုင်းခက်ကတော့ခုထိအိပ်မပျော်နိုင် အိပ်ယာထဲတွင်ဟိုတွေးဒီတွေးလုပ်နေတာ ၁နာရီပင်ရှိပြီ၊

အကိုနဲ့မတွေ့ရတာ ၁လအတိအကျဆို ၁လနဲ့၅ရက်၊သူစာတွေပို့ပေမဲ့လဲ ဝင်သာဖတ်ပြီး စာကိုတော့မပြန် ၊ ခန့်မှုးကိုမေးကြည့်တော့ သူနဲ့အဆက်အသွယ်တော့အမြဲရှိတယ်ဟုသိရသည်။
စိုင်းခက် ဝမ်းနည်းသလို ၊ စိတ်လဲတိုလာရသည်။ ရုတ်တရက်ကြီးသူ့ကိုခုလိုဘာလို့လုပ်ရတာလဲ ။
အတွေးဆတွေကို ဖျက်လိုက်ကာ ဖုန်းကောက်ကိုင်လိုက်ပြီး အကို့ messenger ကိုဝင်လိုက်တော့ active now ဖြစ်နေသဖြင့် ခုထိဘာလို့မအိပ် သေးတာလဲတွေးကာ စိတ်ပေါက်ပေါက်ဖြင့်
စာပို့လိုက်သည်။

" အကို မအိပ်သေးဘူးလား "
"ဘာလို့ ကျွန်တော်စာတွေကိုမပြန်ရတာလဲ"
"ဘာလို့ ကျွန်တော့်ကိုရှောင်နေရတာလဲ "

လူကဒေါသထွက်လာရသည်။ ဝမ်းနည်းပေမဲ့ ခုလိုမျိုးစာမပြန် ဖုန်းမကိုင်နှင့်ရှောင်နေတာ ဘာသဘောလဲ။ ခုစာပို့တာရောက်သွားပေမဲ့ ခုထိတော့ seen မပြ ၊ ၁မိနစ်၊၂မိနစ်၊၃မိနစ် seen ပြပါပီ ၃မိနစ်ကြာတော့ seen ပြပီ ။ စိုင်းခက်အိပ် ယာထဲလှဲနေရာကနေ ထ၍ကုတင် ခေါင်းရင်းကိုခေါင်းအုံးခုကာ ထထိုင်လိုက်ရင်း reply ကိုရင်
ခုန်စွာစောင့်နေလိုက်သည်။ typing .... ပေါ်နေ
သည်မှာ စက္ကန့်ပိုင်း စိုင်းခက် စိတ်လှုပ်ရှားလာရသည်။

သို့ပေမဲ့ ထို typing .... က စာဆက်မရိုက်တော့
သဖြင့် ပေါ်မလာတော့ ဒါဘာသဘောပါလိမ့် စာပြန်ဖို့လုပ်ပြီးမှ ပြန်မပို့တော့တာလား။
စိုင်းခက်မနေနိုင်မထိုင်နိုင် စာထပ်ပို့ဖို့လုပ်တော့
1min ago တဲ့ ။

" ဟာ ဘာလဲကွာ "

စိုင်းခက်အသံပင်ထွက်၍ပြောမိလိုက်တော့ သည်။ ဟိန်းကြားသွားမှာလဲစိုးသဖြင့် အံ့ဆွဲထဲမှ ဆေးလိပ်နဲ့မီးခြစ်ယူကာ ဝရံတာသို့ ထွက်ခဲ့
လိုက်တော့သည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့် ဆောင်းဝင်ပီဖြစ်သဖြင့်အေးမြ​သောလေကြောင့် ခနတာမျှစိတ်ကြည်လင်သွားရသည်။ ဆေးလိပ်မီးညှိကာ ရှူထုတ်လိုက်ပြီး ဘာမှစဉ်းစားမနေတော့ပဲ အကို ဆိုတဲ့ contact ကိုတန်းခေါ်လိုက်တော့သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now