အပိုင်း(၃၀)uni & zg

7.8K 258 58
                                    

Unicode

မနက်ဖြန်ဆို ခန်မှူးလွင်တို့ကို အကိုdinner ကျွေးဖို့ချိန်းထားတဲ့ရက် အကိုက ခုထိ စိုင်းခက်ကိို ဘာမှလှမ်းမပြောပေ ။ တကယ်ကို အကိုနဲ့ဝေးကွာသွားပြီပဲ ကောင်းပါတယ် လျှောက်လမ်းတွေခြင်းမှမတူတာ ကိုယ့်လမ်းကိုယ်ရှေ့ဆက်ရုံပေါ့။
Tv ဖွင့်ထားပြီး tv ဆီသို့စိတ်မရှိ ဖုန်းကိုသာကြည့် ၍ မခေါ်တဲ့အဝင် call ကိုတစ်မျှော်မျှော် ။

"စိုင်းခက် ဇာတ်ကားမကြည့်ပဲ ဘာလုပ်နေတာလဲ၊ ပြောတော့ ဒီကားအရမ်းကြည့်ချင်နေတာပါဆို"

ဆိုဖာပေါ်မှာထိုင်ကာဇာတ်ကားကြည့်နေတဲ့ ဟိန်းက ကနာမငြိမ်ဖြစ်နေတဲ့ စိုင်းခက်ကို ကြည့်၍
မေးလိုက်တော့သည်။

"ဘာမှမဟုတ်ပါဘူး ငါကြည့်နေပါတယ် ဟိန်းရဲ့"

စိုင်းခက် ဖုန်းလေးဘေးချကာ ဇာတ်ကားကို
ပြန်လည်အာရုံစိုက်ထားလိုက်သည်။ ၉နာရီခွဲလောက်ကျ ဇာတ်ကားလဲပြီး၍ စာတန်းပင်ထိုးနေပြီ ထိုစဉ်

Ring ! Ring !

ဖုန်းကိုကြည့်လိုက်တော့ အကို ဆီက
စိုင်းခက် ဟိန်း အားတစ်ချက်ကြည့်တော့ စားပွဲပေါ်က သောက်လက်စ အအေးခွက်များအားကောက်သိမ်းနေသည်။ စိုင်းခက် ကုတင်ပေါ်မှ ထကာ ခေါင်းရင်းပြတင်းပေါက်ဆီလာလိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဟယ်လို အကို "

"အင်းစိုင်းခက် ကိုယ့်တိုက်လေးကို အာလုံး
အဆင်ပြေအောင် လုပ်ပေးကြလို့ dinner လေးကျွေးချင်လို့ပါ အဲတာ မနက်ဖြန် ၇ နာရီလောက် အားမလား"

"ဟုတ်အကို ခန့်မှူးပြောလို့ သိထားပါတယ်
ကျွန်တော်အားပါတယ် "

"အင်းအဲတာဆို ဟိန်းကိုရောကိုယ့်အစားဖိတ် ပေးပါအုန်း လိပ်စာကို ကိုယ် message ပို့ထားပေးမယ်နော် "

"ဟုတ်ကဲ့ပါ အကို "

"ဒါဆို ကိုယ်ဖုန်းချလိုက်ပြီနော် "

"...."

အကိုသာ ဖုန်းမဆက်ရင်စိုင်းခက်တကယ်ကို သွားဖို့အစီအစဉ်မရှိပါ ။ ခုဖုန်းဆက်တော့
စိုင်းခက် အနည်းငယ်တော့ပျော်သွားရသည်
လုံးဝ မပတ်သတ်တော့တာမျိုးမဟုတ်ဘူးမို့လား စိုင်းခက် ဒီဘက် ပြန်အလှည့် ဟိန်းက ကုတင်
စွန်းတွင် ထိုင်၍ စိုင်းခက်အားကြည့်နေသည်က ဘာကိစ္စလဲဆိုတာ ပြောစေချင်တဲ့ မျက်ဝန်းတွေနှင့်

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now