အပိုင်း(၃၁)uni & zg

8.1K 263 17
                                    

ဆောင်းရာသီက တဖြည်းဖြည်းနှင့် သူ့ဂုဏ်ကို ဖော်ထုတ်နေလေပြီ ။ မနက်ခင်းပိုင်း အအေးဓာတ်က စောင်ပင်မခွါနိုင်၊အိပ်ယာထဲတွင် နွေးနေအောင် ကွေးချင်ပေမဲ့လဲ ခြောက်သွေ့နေသော အာခေါင်ရဲ့ ရေဆာလောင်မှုဒဏ်ကို မခံနိုင်တော့ပေ စောင်ခြုံထဲမှ လက်ထွက်ကာ ဘေးသို့စမ်း
ရင်း

" ဟိန်း ငါရေအရမ်းဆာလို့ ရေပေးပါအုံး "

ဘေးမှတုန့်ပြန်သံမကြားသဖြင့်

"ဟိန်းလို့ ရေပေးပါအုံးဆိုနေမှ "

စိုင်းခက်စောင်ခြုံထဲမှ ဘေးကိုခေါင်းထွက်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေ စိုင်းခက်လဲ ဘာမှမစဉ်းစားနိုင်တော့ပဲ ဟိန်းဘက်အခြမ်းသို့လိမ့်သွားလိုက်ကာ စားပွဲပေါ်မှရေဘူးကို လှမ်းယူ၍ အားရပါးရမော့သောက်လိုက်ပြီးမှ နေရထိုင်ရသက်သာသွားတော့သည်။ ခေါင်းကလဲ မူးနောက် ပြီး ထပင်မထချင် ဖုန်းကိုယူကြည့်လိုက်တော့ ၆နာရီခွဲသာရှိသေးသည်။

"ဟိန်းက ဒီအချိန်ကြီးဘယ်သွားတာပါလိမ့် "
ထိုစဉ်

ဒေါက်ဒေါက်ဒေါက်

"သားရေ"

"ဟုတ်မေမေ လော့မချထားဘူးလာလေ"

"မေမေ့ကြောင့်နိုးသွားတာလား မေမေလဲ သားနိုးသည်ထိမစောင့်နိုင်တော့လို့လာမေးတာ"

ဒေါ်နန်းပန်ခမ်းက ပြာပြာသလဲ စိုင်းခက်ဘေးနားဝင် ထိုင်ကာ ပြောလေသည်။

"ဘာများဖြစ်လို့လဲမေမေရဲ့ "

"ဟိန်းနဲ့သားဘာဖြစ်ထားကြတာလဲ ၊ မနေ့ညက သားအရမ်းမူးပြီး ပြန်လာတာ ဟိန်းကလဲ ငိုထားတဲ့ပုံပဲ မျက်လုံးတွေကိုရဲလို့ ခုမနက်က အထုတ် အပိုးတွေနဲ့ မေ့မေ့ကိုလဲ ကန်တော့သွားတယ် ၊ သားကို ဂရုစိုက်ဖို့လဲ တဖွဖွမှာသွားတာ သူ့မျက် နှာလေးလဲညိုးနေတာပဲသားရယ် "

မေ့မေ့အပြောကြောင့် စိုင်းခက် အိပ်ယာမှ ထထိုင်ကာ မနေ့ညက အကြောင်းအရာများကို
ပြန်လည်စဉ်းစားရတော့သည်။ သူနောက်ဆုံး
မှတ်မိသည်က ဆေးလိပ်သောက်ပြီး toilet အဝင် အကိုဖုန်းပြောနေတာ ကြားသဖြင့် ဒေါသထွက် လာကာ beer အမူးသောက်မိခြင်းအထိသာ ကျန်တာစဉ်းစားလို့မရသေး။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now