အပိုင်း(၃၃)Uni & Zg

8.5K 249 6
                                    

ထိုက်မနက်ခင်းနိုးတော့ တစ်အိမ်လုံး တိတ်ဆိတ် နေသည်။ အချိန်ကြည့်တော့ ၈ နာရီရှိပြီ၊ သူရုံးသွားချိန်က ၉နာရီ ဖြစ်သည်။ ထိုက် ရေချိုးပြင် ဆင်ပြီး ဘေးအခန်းသို့ တံခါးဖွင့်ကြည့်လိုက် တော့ စိုင်းခက်က မရှိ ၊ ထိုက်လဲ မနက်စာစားရန် မီးဖိုချောင်သို့လာလိုက်တော့ ရေခဲသေတ္တာတွင် sticky note ကပ်ထားသည်ကိုတွေ့ရသည်။ရေးထားတဲ့စာက .....

"Morning အကို ဒီနေ့ကိစ္စလေးရှိလို့ စောစောထထွက်သွားလိုက်ရတယ် ၊ အိမ်မှာမနက်စာ မစားခဲ့နဲ့နော် ရုံးကိုပဲ တန်းလာခဲ့ပါ ကျွန်တော်နဲ့တူတူစားမယ် ...ဒါနဲ့ အရမ်းချစ်တယ်နော် အကို့ ဟီး"

စာကိုဖတ်ပြီးတာနဲ့ နှုတ်ခမ်းများတွန့်ကွေးသည် အထိပြုံးလိုက်သည်။မနက်စာမစားခဲ့ရန်ပြော
သဖြင့် ၈နာရီခွဲသာရှိသေးသော်လဲ ရုံးသို့သာ
ထွက်ခဲ့လိုက်တော့သည်။

Hotle သို့ရောက်သည်နှင့် ဓာတ်လှေကားဖြင့်
သူ့ရုံးခန်းရှိရာသို့ တက်ခဲ့လိုက်တော့သည်။
ရုံးခန်းရှေ့ရောက်တော့ တံခါးဖွင့်မလို့ပြင်နေတုံး
မြကေသီမှ ရောက်လာကာ ကနာမငြိမ် ကာစီးကာစီးဖြင့် လုပ်နေသဖြင့် ...

"ဘာပြောစရာရှိလို့လဲ မကေ ကိုယ် အခန်းထဲဝင်
အုံးမယ်လေ ရှေ့ကဘာလို့ကာနေရတာလဲ "

"အဲ ... ဟို အဲတာကလေ ဒီလိုရှိတယ် ကိုထိုက်ရဲ့"

"ဘာလဲမကေ ရှေ့ကဖယ်တော့ ပြောစရာရှိရင်
အခန်းထဲရောက်မှပြော "

ထိုက်လဲ ကြောင်တောင်တောင်လုပ်နေတဲ့ မကေကို စိတ်မရှည်တော့ သူနဲ့အလုပ်တွဲလုပ်လာတဲ့ ဒီ ၅ နှစ်အတွင်းမကေခုလို ကနာမငြိမ်တဲ့ပုံစံမျိုးမမြင်ဖူးပေ၊ ခုမှဒီအပျိူကြီး ဘာတွေဖြစ်နေမှန်းကိုမသိပါ။

"လာပြီနော် ဝင်လာပြီ "

မြကေသီက အခန်းအပြင်ကနေ ခပ်ကျယ်ကျယ် အော်လိုက်တော့ တံခါးဆွဲဖွင့်နေတဲ့ ထိုက်ရဲ့ မျက်မှောင်ကျုတ်ကြည့်လိုက်ခြင်းကိုခံလိုက်ရသဖြင့် ဟီး ကနဲ သွားဖြီးပြကာ ထွက်သွားလေသည်။

အခန်းထဲ ဝင်လိုက်သည် နှင့် သင်းပျံ့နေသော ကော်ဖီနံ့ တို့က နှာခေါင်းထဲဦးစွာဝင်လာသည်။
သူ့စားပွဲပေါ် လှမ်းကြည့်လိုက်တော့ မနေ့က စရင်းစာအုပ်တွေရှုပ်လျက်ရှိနေသောနေရာက ခုနေရာတကျ စီထားချက်သား ၊ ပုံမှန်ဆို မနက်
ခင်းသူမရောက်ခင် မြကေသီမှ ရှင်းထားခြင်းဖြစ်သော်လဲ စားပွဲဘေးတွင် ရပ်ကာ သူ့ကိုပြုံးပြီးကြည့်နေတဲ့ ကောင်လေးကြောင့် မြကေသီရှင်းထားတာမဟုတ်တာသေချာသည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now