အပိုင်း(၃၄) uni & zg

8.8K 250 0
                                    

ဧည့်ခန်းထဲတွင် ထိုက်၏ ရင်ခွင်ထဲတွေးဝေ့ကာ ချွဲနေတဲ့ စိုင်းခက်ကြောင့် ထိုက်မှာအသဲတယားယားနှင့် အချစ်တွေပိုနေရသည်။ မနေ့ညက ချစ်ကြောင်းဝင်ခံ၍ နောက်ဆုံးတော့ သူတို့နှစ်ဦးချစ်သူတွေ ဖြစ်ခဲ့ကြပီလေ။ ထိုက်အတွက်တော့ မမျှော်လင့်ထားတဲ့ အရာတစ်ခုဖြစ်၍ ပျော်ရွှင်မှုကတော့ အတိုင်းမသိပေ။ ခုထိပင်မယုံနိုင်သေး သူ့ရင်ခွင်ထဲမှာ ချွဲနေတဲ့ ကောင်လေးက သူ့
အပိုင်ဖြစ်သွားပြီတဲ့လေ။

"ကဲ ခက်လေး သွားရအောင်လေကွာရုံးသွားရအုံးမယ်လေ ၊ ခက်ရုံးကိုလဲဝင်ရအုံးမယ်မို့လား "

ရင်ခွင်ထဲတွင်ချွဲနေတာ မနက်စာစားပီးကထဲက
ပင်။ ရုံးသွားရအုန်းမည်မို့ ကောင်လေးအား ငုံ့
ကြည့်ရင်း ပြောရသေးသည်။ ရင်ခွင်ထဲမှကောင် လေးက ခေါင်းလေးမှီရင်း မော့ကြည့်လာသဖြင့် နှုတ်ခမ်းရဲရဲလေးအား ဆက်ကနဲ ဖိကပ်
လိုက်တော့ သူ့ရင်ဘက်အား လက်သီးဖြင့် ဖွဖွထု၍ ခေါင်းလေးပြန်ငုံ့သွားကာ

"အကိုနော် ရင်ခုန်အောင်အရမ်းလုပ်တာပဲ "

"ဟော ကိုယ်ဘာမှမလုပ်မိပါဘူး "

"ဘာမလုပ်ပါဘူးလဲ ဟွန်း "

ထိုက်အား နှုတ်ခမ်းလေးစူကာမျက်စောင်းပစ်၍ ပြန်မော့ကြည့်လာသောကောင်လေးအား အူယားလွန်းနေရပါပြီ ။

"ရင်ခုန်အောင်က ခုမှလုပ်မှာ "

"ဟင် "

"အွန့် "

ထိုက်က စိုင်းခက်မေးဖျားလေးအားမော့လျက် နှုတ်ခမ်းဖူးဖူးလေးအား ငုံထွေးလိုက်သည်။ စိုင်းခက်ကလဲမျက်လုံးများမှေးဆင်းလျက် နှုတ်ခမ်းတို့ကိုအပေါ်အောက် စုပ်ယူရင်းလက်ခံသည်။ စိုင်းခက်မှ ထိုက်ရင်း လည်ပင်းကို သိုင်းဖက်ကာ လက်များက ဆံပင်တို့အားထိုးဖွလျက် နက်ရှိုင်းစွာ နမ်းရှိုက်နေသဖြင့် ထိုက်၏ စိတ်အဆင်မှာ ထိန်းချုပ်ဖို့ပင်ခက်လာသည်။

ထိုက်၏ လက်များဟာလဲ စိုင်းခက်ကျောပြင် အားခပ်ဖွဖွပွတ်နေရင်းမှ hoddie လည်ဝိုင်းဝတ် ထားသော အကျီထဲကို လက်များလျှိုဝင်၍ ကျောပြင်ပြင် သေးသေးလေးအား ပွတ်သတ်
လိုက်မိသည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Место, где живут истории. Откройте их для себя