အပိုင်း(၃၅)uni & zg 🔞♥️

15.4K 277 12
                                    

Range Rover ကားလေးဟာ 62 လမ်းမကြီးပေါ်အတိုင်းတစ်ရွေ့ရွေ့မောင်းနှင်နေသည်။ ကားမောင်းနေရင်ဘေးက ကောင်လေးကို တစ်ချက် လှမ်းကြည့်တော့ ဘေးကိုငေးနေသည်။ ဒီနေ့သွားစရာရှိသည်ဟုပြောကာ
ထိုက်ရုံးကအပြန်ဝင် ခေါ်ခဲ့ခြင်းဖြစ်သည်။

"အကို ကျွန်တော်တို့ဘယ်သွားနေကြတာလဲ
ခုထိလဲမပြောသေးဘူး "

"ကိုယ်တို့ အိမ်ကိုလေ ရှေ့ဆိုရောက်ပြီ "

" ဟင် "

ထိုက်ရပ်လိုက်သည့် ခြံသည် သူကိုယ်တိုင် desing ဆွဲ၍ပေးထားသော တိုက်လေးဖြစ်သည်။ ခြံလေးထဲ ကောင်းမောင်းဝင်လိုက် ပြီး ၂ထပ်တိုက်လေးရှေ့တွင်ကားရပ်လိုက်သည်။

" အကိုဒါက "

" ဒါက ကိုယ်တို့အိမ်လေ အစကတော့ ခက် အနားကထွက်သွားခဲ့ရင်တောင် ခက် စိတ်ကူး
စိတ်သန်းလေးနဲ့ ပုံဖော်ထားတဲ့ ဒီအိမ်လေးမှာပဲ ကိုယ်ဖြတ် သန်းချင်တဲ့အတွက် ခက်ဆီမှာ ခက်ဍစိတ်တိုင်းကျ desing ရေးခိုင်းခဲ့တာပေါ့ ၊ ခုခက် ကကိုယ့်နားမှာရှိနေပြီဆိုတော့ ဒီအိမ်လေးက
ကိုယ်တို့အိမ်လေးဖြစ်ပြီးပိုအသက်ဝင် သွားပြီပေါ့ကွာ "

"အကိုရာ ဟင့် "

စိုင်းခက် ထိုက်အားဖက်တွယ်လိုက်ပြီး ဝမ်းနဲ
မျက်ရည်များပင်ကျရတော့သည်။ သူ့ကိုဤမျှလောက်ချစ်လေ ထိုက်အပေါ်ခံစားစေခဲ့ရသမျှအတွက် ပိုဝမ်းနည်းလေဖြစ်ကာ ငိုမိတော့သည်။

"ကိုယ့်အသဲလေး ဘာလို့ငိုနေတာလဲကွာကြည့်ပါအုံး မျက်လုံးတွေတောင်ရဲနေပြီ ကလေးကျနေတာပဲ "

ထိုက်က စိုင်းခက်ကိုဖက်ထားရာမှ ခွါလိုက်ပြီး မေးစေ့ကိုကိုင်၍ မျက်ရည်များအားသုတ်ပေးနေသည်။

"ကလေးပဲကို အကိုနဲ့ယှဉ်လိုက်ရင်ကျွန်တော့်က ကလေးပဲ "

"ဟားဟား ဟုတ်ပါပီ ကိုယ့်ကလေးလေးရယ် မငိုနဲ့တိတ် "

"ဟာဗျာ ထပ်ကြွေအောင်စကားလုံးတွေနဲ့သတ်
ပြန်ပြီ "

"ကဲတိတ်တော့ အိမ်ထဲဝင်ကြရအောင်နော် "

ထိုက်တို့အိမ်ထဲရောက်တော့ စိုင်းခက်မှာအံ့ဩစွာလိုက်ကြည့်နေမိသည် ။ design ဆွဲပေးပြီးကထဲက အိမ်ကိုမရောက်ဖြစ်လို့ အတွင်းပိုင်းအပြင် အဆင်တွေကို သေချာမသိပေ။ ဝင်ဝင်ခြင်းက ဧည့်ခန်းကျယ်ကြီးပင် အပေါ်တွင် မီးဆိုင်းကြီးဖြင့် လင်းလက်ထည်ဝါစွာ၊ဧည့်ခန်းက ဆိုဖာတွေကလဲ ထိုက်ရုံးခန်းက သူအိပ်လို့ကောင်းလို့
ကြိုက်တယ်ခနခနပြောဖူးတဲ့ ဆိုဖာတွေပင်

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now