အပိုင်း ၂ အကြီးဆုံးအသမီး

2.7K 98 4
                                    

Chapter 187

မိုလင်း စီးလာသော လေယာဉ်သည် နံနက်အစောပိုင်းတွင် ကေမြို့ သို့ ဆင်းသက်လေသည်။ သူမက လေယာဉ်ပေါ်တွင် ခဏတာ တစ်ရေးတစ်မော အိပ်စက်ခဲ့ပြီးဖြစ်၍ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် မျက်နှာသစ်၊ သွားတိုက်ကာ လေဆိပ် ရေချိုးခန်းတွင် မိတ်ကပ်လိမ်းလိုက်သည်။ ထို့နောက် ဟိုတယ်တွင် အခန်းပင် မယူသေးဘဲ ဖောက်သည်ဆီ အရင်သွားလိုက်သည်။

ဥက္ကဌ ယွဲ့ သည် ဘဏ္ဍာရေးဖိုရမ်တွင် မိုလင်း နှင့် တွေ့ဆုံခဲ့သည့်  မိတ်ဆွေသစ်ဖြစ်ပြီး သ၏ ပရောဂျက်တစ်ခုကို စိတ်ဝင်စားနေလေသည်။ သူမသည် ယခင်က ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး အစည်းအဝေးသို့ ဖိတ်ကြားခဲ့သော်လည်း  ဥက္ကဌ ယွဲ့ မအားလပ်၍  သူမ လာတွေ့ရခြင်း ဖြစ်သည်။

ထို့နောက် တွေ့ဆုံကြသောအခါ ဥက္ကဌ ယွဲ့ အနားတွင် ချောမောသော လူငယ်တစ်ယောက် ရှိနေပြီး သူက ဘေးတွင်ထိုင်ကာ စကားသိပ်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေလေသည်။ မိုလင်း က သူသည် လက်ထောက် ၊ အတွင်းရေးမှုး သို့မဟုတ် ဝန်ထမ်း တစ်ယောက်ဟု ထင်မှတ်သွားသည်။ ဥက္ကဌ ယွဲ့ သည် အတွင်းရေးမှူးကို ရွေးချယ်သည့်အခါ အသွင်အပြင်ကို အာရုံစိုက်သည်ဟုပင် တွေးမိသွားရလေသည်။

အစည်းအဝေးက ချောမောစွာ ပြီးဆုံးသွားသည်။

မိုလင်း ကိုယ်တိုင်က အလွန်ကောင်းမွန်သော ပရော်ဖက်ရှင်နယ်တစ်ယောက်၏ အရည်အသွေးရှိပြီး ဥက္ကဌ ယွဲ့ ၏ မေးခွန်းများကို ကောင်းမွန်စွာ ဖြေကြားနိုင်ခဲ့သည်။ ဥက္ကဌ ယွဲ့ က ပြုံး၍ ခေါင်းညိတ်လိုက််ပြီး အလွန်ကျေနပ်နေပုံရသည်။ မိုလင်း စိတ်ထဲတွင် ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။

နှုတ်ဆိတ်နေသော ဥက္ကဌ ယွဲ့ အနားမှ လူငယ်လေးသည် ရုတ်တရက် မေးခွန်းနှစ်ခု မေးလိုက်ရာ မိုလင်း ချက်ချင်းပင် ဝမ်းသာအားရနှင့် အသေးစိတ် ပြန်ဖြေလိုက်သည်။

ဖြေကြားပြီးနောက် သူမက ဥက္ကဌ ယွဲ့ ကိုကြည့်ကာ မေးလိုက်သည်။

"သူက..."

သူ့လေသံမှာ အတွင်းရေးမှုးတစ်ယောက်၏ လေသံမျိုး မဟုတ်ကြောင်း သူမ ခံစားမိလေသည်။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now