အပိုင်း ၂ အကြီးဆုံးသမီး

937 75 3
                                    

Chapter 198

အဒေါ်ကြီးက ပါးစပ်ကို အုပ်ပြီး ပြုံးလိုက်သည်။

“အခု‌တော့ အဲ့ဒီမိန်းမက မမလေး ယန်ယန်ကို ကြောက်နေရပြီလေ...”

"ယန်ယန်က သူမဘာသာသူမ ကောင်းကောင်း ရပ်တည်နေတာပဲ...လူတွေဟာ သူတို့ဘာသာသူတို့ မရပ်တည်နိုင်ရင် ဘယ်သူကမှ ကူညီမှာ မဟုတ်ဘူး..... ဒါပေမယ့် ယန်ယန်က စိတ်ဓာတ်မကျခဲ့ပါဘူး...."

အဒေါ်ကြီးက ပြောလိုက်သည်။

“ဒီနေ့ အဘွား ငွေတွေထပ်သုံးလိုက်ပြန်ပြီမလား..."

“ဘာတတ်နိုင်ရမလဲလေ... အသက်ကြီးလာတော့ ပိုက်ဆံဖြုန်းတဲ့ ဆယ်ကျောက်သက်တစ်‌ယောက်လို ဖြစ်သွားတာပါပဲ...  ဒါပေမယ့် ငါ့ပိုက်ဆံတွေ သုံးလိုက်တာကိုလည်း တချို့လူတွေက သဘောမကျပြန်ဘူး..."

“အင်း‌ပေါ့...အဘွားက တစ်ခါတစ်လေကျ လက်ဖွာတယ်လေ..."

“ဟုတ်တယ်...ငါအရမ်းကို ဖြုန်းတီးတာပဲ...ဒီနေ့ ငါ ဘာမှမလုပ်ရသေးဘူး... အိမ်ထောင်မပြုခင်ကတော့ အနည်းဆုံး တစ်နေ့ကို စာအုပ်တစ်အုပ်ဖတ်တယ်...အိမ်ထောင်လည်းကျပြီးရော ဘာမှကို မလုပ်တော့ဘူး...ပျင်းလွန်းလို့ ဘာမှကို မလုပ်ချင်တော့ဘူး... လူတွေ ပျင်းလာပြီဆိုရင် ပြဿနာတွေ တွေ့တော့တာပဲ..."

"ဟုတ်လား...ကျွန်မတို့လို အလုပ်လာလုပ်တဲ့သူတွေဆို ပျင်းဖို့ကို အချိန်မရပါဘူး... ကျွန်မရဲ့ လင်ညီအစ်မဆိုရင်လေ ယောက္ခမနဲ့ရော သူမရဲ့ ချွေးမနဲ့ရော မတည့်ဘူး.... ကျွန်မရဲ့ ယောက္ခမက အသက် ၉၀ ရှိပြီ...အခုထိ ချွေးမနဲ့ ရန်ဖြစ်တုန်းပဲ...သူမရဲ့ မြေးငယ်လေးကတော့ သူမတို့နှစ်ယောက်ရန်ဖြစ်ရင် သဘောတွေကျပြီး ထိုင်ရယ်နေတော့တာ..."

ကျေးလက်‌ဒေသမှ အမျိုးသမီးများနှင့် ချမ်းသာသော အမျိုးသမီးများသည် အခြေအနေချင်း ဝေးကွာနေပုံရသော်လည်း သာမန်အားဖြင့် အတူတူပင်ဖြစ်သည်။

အဘွားကျန်းက ခေါင်းခါလိုက်သည်။

“တကယ်တော့ ကလေးတွေဟာ သူတို့ကိုယ်ကို ရပ်တည်နိုင်ကြပါပြီ... ငါ့သားနှစ်ယောက်လုံးလည်း အရွယ်ရောက်နေကြပြီ...ပြီးတော့ မြေးငါးယောက် ကလည်း ကြိုးစားနေကြတာပဲ...  ငါဘာလို့ စိတ်ပူ‌နေတာပါလိမ့်..."

အပိုင်း ၂ အကြီးဆုံးသမီးOn viuen les histories. Descobreix ara