chapter 276

561 50 0
                                    

Chapter 276
Part 276January 18, 2023

ထို့ကြောင့် ကျန်းယန်ရှန့်နှင့်ပဋိပက္ခဖြစ်ခြင်းကကောင်းသောအရာ မဟုတ်ပေ။

အစကတည်းက ကျန်းယန်ရှန့်၏အကြောင်းကိုကြိုတင်သိခဲ့ပါက ယခုအချိန်တွင် မြှောက်ပင့်ပြီး

မျက်နှာလုပ်မိနေလောက်သည်။

"  ယွမ် ၁၀သန်းတန် ကားကိုတောင် ပေးနိုင်ရင်တော့သူ့ရည်းစားက ခေသူမဟုတ်တာ သေချာတယ် ....မဟုတ်ဘူးလား " တစ်စုံတစ်ယောက်က အကွက်ကောင်းကို ထောက်ပြသည်။

" မနာလိုဖြစ်ဖို့သာ အသင့်ပြင်ထားတော့...

သူ့ကောင်လေးက အရမ်းချမ်းသာရုံတင်မကဘူး... ရုပ်လည်း အသေချောတာတဲ့ "

ဝမ့်လီက ဖောက်သည်ချ၏။

" ဝါးးးးး " လူတိုင်း ခါးသက်သွားကြသည်။

"ဒါက စိန်ဇွန်းကိုက်ပြီးမွေးလာတဲ့သူတွေရဲ့ အချစ်ဇာတ်လမ်းပဲလား "

တံခါးကို တွန်းဖွင့်ပြီးဝင်လာသည်နှင့်

စုစုရုံးရုံးလူအုပ်ကြီးကို မြင်လိုက်ရသောကြောင့် ကျန်းယန်ရှန့်တစ်ယောက် အံ့ဩသွားသည်။

သူမနာရီကိုလှမ်းကြည့်လိုက်၏။နောက်မကျသည်မှာ သေချာသည်။

" ဘာလို့အစောကြီး ရောက်နေကြတာလဲ အကုန် "

" ဒီလိုပါပဲ..... " အားလုံးက ပြုံးဖြီးနေကြလျက်။

လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်ကြပြီး မာယွင်သည်လည်း ကျန်းယန်ရှန့်ကို ပြဿနာမရှာတော့ပေ။

ကျန်းယန်ရှန့်လက်စွဲကိုင်ထားသော ကိုယ်ပိုင်နိယာမမှာ

" မည်သည့်အခြေအနေ၌ပင်ဖြစ်စေ မိမိဘက်က စတင်မီးမွှေးခြင်းမဖြစ်စေရ " ဟူ၍ဖြစ်သည်။

မာယွင်ဘက်က ရန်စခြင်း မပြုသရွေ့ သူမသည်လည်း မည်သို့သော တုံ့ပြန်မှုမျိုးကိုမှ ပြုမည်မဟုတ်ချေ။

........

"ကျောင်းသားသမဂ္ဂက အမြဲတမ်း အဲ့လိုကြီးပဲလား "

ကျန်းယန်ရှန့်က ယွဲ့စုန့်အား မေးလိုက်၏။

“ကိုယ်အဲဒီ့မှာရှိနေတုန်းကတော့ မဟုတ်ပါဘူး...

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now