chapter 289

395 48 0
                                    

Chapter 289
Part 289January 18, 2023

စိတ်အားထက်သန်မှုပြင်းပြနေသောအချိန်တွင် ယွဲ့စုန့်က ဒုတိယအကြိမ်မြောက် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်တော့၏။

ကျွမ်းကျင်သူများက အချစ်သည် ဆယ့်တစ်လမျှသာ တည်တံ့နိုင်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ဟော်မုန်းများ ရှိနေသရွေ့ အချစ်သည် တည်ရှိနေနိုင်သေးသည်။

ချစ်ရသူသည် အနားနားကပ်ကာ ချစ်စကားများကို နားထဲသို့ တီးတ်ိုးပြောနေလေ၏။

ကျန်းယန်ရှန့်သည် သူမ၏မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။

အချစ်ဒီရေက တရိပ်ရိပ်တက်လာလေသည်။

ထိုအခိုက်အတန့်တွင် ယွဲ့စုန့်က သူမ၏နားရွက်ဖျားကို ခပ်ဖွဖွနမ်းလျက်  " ယန်ရှန့်....လက်ထပ်ကြရအောင်..."

ကျန်းယန်ရှန့်လည်း ခေါင်းငြိမ့်မိလုနီးပါးပင်။

ထိုအချိန်၌ အရေးကောင်း ဒိန်းဒေါင်းဖျက်ဆိုသလို ဆဲလ်ဖုန်းက အသံထမြည်လာသည်

အလွန်နောက်ကျနေပြီဖြစ်သော အချိန်ဖြစ်၏။

လူအများစုမှာ ဤကဲ့သို့သောအချိန်မျိုး၌ ဖုန်းမဆက်တတ်ကြပေ။ဆက်ခဲ့လျှင်လည်း လွန်စွာအရေးကြီးသော ကိစ္စကြောင့်သာဖြစ်ရမည်။

မြည်လာသည်မှာ ကျန်းယန်ရှန့်၏ဖုန်းဖြစ်၏။

ယွဲ့စုန့်သည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီးနောက်ဆဲလ်ဖုန်းကို သွားယူပြီး ကျန်းယန်ရှန့်ကိုပေးလိုက်သည်။

" ဟယ်ဟယ့်ဆီကပဲ "

ကျန်းယန်ရှန့် ဖုန်းကိုင်လိုက်‌သောအခါ တစ်ဖက်မှ ကျန်းဟယ်လင်း၏အသံက ကျယ်လောင်စွာထွက်ပေါ်လာ၏။

“ မမ ! မမ ! အိမ်အမြန်ပြန်လာပါ "

" ဘာဖြစ်တာလဲ " ကျန်းယန်ရှန့်က လေးနက်စွာမေးသည်။

" အဖေက အမေနဲ့  ကွာရှင်းမယ်တဲ့..."

သူမ၏ပြန်လည်မွေးဖွားမှုအတောအတွင်း၌ ကိစ္စ တော်တော်များများဖြစ်ပျက်သွားခဲ့သော်လည်း

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now