အပိုင်း ၂ အကြီးဆုံးသမီး

806 75 0
                                    

Chapter 193

ရှုလီချန် အော်ပြောနေသည်။

"နင် ဘာပြောလိုက်တာလဲ... ဟယ်လို...ဟယ်လို..နင့်ရုပ်က ဘာလို့ မလှုပ်တော့တာလဲ...လိုင်းမကောင်းတာလား..."

သူ့အသံကိုသာ ကြားရသဖြင့် လိုင်းမကောင်းခြင်း ဖြစ်နိုင်သည်။ကျန်းယန်ရှန့်သည်လည်း ရှုလီချန် ရုပ်မှာ မလှုပ်ဘဲ ငြိမ်နေသဖြင့် သူမက စိတ်ရှုပ်စွာ ဖုန်းချပစ်လိုက်သည်။သုံးစက္ကန့် ကြာပြီးနောက် ဗီဒီယို‌ကောလ် ထပ်ခေါ်လာပြန်သည်။

"…"

ကျန်းယန်ရှန့်က ဖုန်းကို ဘေးသို့ပစ်ချလိုက်ကာ စောင်ကိုဆွဲခြုံ၍ ဆက်အိပ်လိုက်သည်။ ညသန်းခေါင်တွင် အရူး ရှုလီချန် ရစ်နေသည်ကို ခံရပြီးနောက် အိပ်ရေးပျက်သွားရသော်လည်း ပုံမှန်အချိန်တွင် နိုးလာလေသည်။

ကျန်းဟယ်လင်းက သူမကို ပြောလိုက်သည်။

"အစ်မ မျက်လုံးအောက်မှာ ဘာဖြစ်လို့ ညိုမဲနေရတာလဲ...."

မျက်ကွင်းညိုခြင်းအတွက် Facial mask သုံးချင်သော်လည်း သူမ မဝယ်ခဲ့ရပေ။ တကယ်တမ်းတွင် သူမသည် အသက်  ၁၆နှစ်သာရှိသေး၍  မျက်နှာအသားအရေသည် အလွန်ကောင်းမွန်သောကြောင့် mask သုံးဖို့မလိုအပ်သေးပေ။သူမကလည်း ပြန်လည်မွေးဖွားလာကတည်းက ထိုကဲ့သို့ ပစ္စည်းမျိုး မဝယ်ခဲ့ပေ။ထို့ကြောင့် လိုရမည်ရ eye maskတစ်ခု ဝယ်မည်ဟု သူမ တွေးလိုက်မိလေ၏။

မနေ့က ဒါရိုက်တာ ရှယ် အလုပ်ရှုပ်နေမှန်း သူမ,သိသောကြောင့်  နေ့ခင်းမှသာ ဖုန်းခေါ်ခဲ့သည်။

"သူ အမှားတစ်ခုခုလုပ်မိရင် ကျွန်မကို ဖုန်းဆက်လိုက်ပါနော်..ကျွန်မ သူ့ကို ချက်ချင်း ပြန်ခေါ်သွားပါ့မယ်..."

ဒါရိုက်တာရှယ် က ရယ်မောပြီး ပြောလိုက်သည်။

"မမလေးကျန်းက ရှောင်ရှု ကို အထင်သေး နေတာကိုး... ပြောစရာမလိုပါဘူး...သူ့ကို ဇာတ်ကားထဲ ထည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ... ကျောင်းမဖွင့်ခင် သူ့အတွက် ဇာတ်ဝင်ခန်းတွေ အကုန်ရိုက်ပေးမယ်လေ..."

"???"

ဒါရိုက်တာရှယ်က ဆက်ပြောပြန်သည်။

“သူ မနေ့ကတည်းက  ကျွန်တော်တို့ကို တစ်ညလုံး ကူညီပေးတယ်လေ.... ပင်ပန်းပေမဲ့ တစ်ချက်မညည်းဘူး... ဒီနေ့လည်း အဖွဲ့သားတွေ အတွက် အစားအသောက်တွေ ဝယ်ကျွေးတယ်….”

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now