အပိုင်း ၂ အကြီးဆုံးသမီး

488 48 1
                                    

Chapter 250
Part 250January 16, 2023

အားကောင်းလှသော နောက်ခံသီချင်းများနှင့် ရှည်လျားသော စာတန်းထိုးများ ကျလာပြီးနောက် ပြင်းထန်သော လက်ခုပ်သံများ ပေါ်ထွက်လာလေသည်။မီးများဖွင့်လိုက်သောအခါ အမှောင်ထုလည်း ပျောက်ကွယ်သွားလေသည်။အားလုံးသည် သူတို့ မျက်နှာပေါ်မှ မျက်ရည်များအား သုတ်နေကြလေသည်။ ကျန်းဟယ်လင်း တင်သာမဟုတ် ကျမ်းဟွမ်ပင် မျက်လုံးများ နီရဲနေလေသည်။ ရှုလီချန်မှာမူ ခွေးတစ်ကောင်ကဲ့သို့ တောက်လျောက် ငိုနေလေသည်။

ယခင်ဘဝတွင် သူမသည် ထိုကားအား အကြိမ်များစွာ ကြည့်ခဲ့ပြီးနောက် တစ်ကြိမ်သာ ငိုခဲ့လေသည်။ယွဲ့စုန်၏ မျက်လုံးများ သည်ပင် နီရဲနေလေသည်။ကျန်းယန်ရှန့်တစ်ယောက်သာ မငိုထားသည်မှာ သိသာသော်လည်း သူမမျက်နှာမှာ အနည်းငယ် သုန်မှုန်နေလေသည်။ဤသည်မှာ သူမ သွေးအေးခြင်းမဟုတ်။ယခင်ဘဝက သူမ ရှုလီချန်နှင့်  (၁၀)ကြိမ်လုံး လိုက်ကြည့်ဖူးသောကြောင့် ဖြစ်ပေသည်။

ကျမ်းဟွမ်က သူ့မှာ တစ်ရှုး ပါမလာခဲ့သဖြင့် ကျန်းယန့်ရှန်အား တောင်းလိုက်ရာ ကျန်းယန်ရှန့်က အိတ်ထဲမှ ထုတ်ပေးလိုက်လေသည်။

ရှုလီချန်က ပြောလိုက်သည်။



"အမှန်အတိုင်းပြောရရင် အဲ့ဒီအခန်းမှာတုန်းက ငါမငိုချင်ခဲ့ပါဘူး…ဒါရိုက်တာရှယ့် ရဲ့"ငါသာ သူရဲကောင်းဆန်ပြလိုက်မယ်ဆို သူများတွေမျက်ရည်ကျတဲ့အထိ လုပ်နိုင်ကြလိမ့်မယ်" ဆိုတဲ့စကားကြောင့်သာ…ငါ စိတ်ပါပြီး..မျက်ရည်တွေက သူ့အလိုလိုကျလာတာပဲ…ဒါရိုက်တာရှယ်က တစ်ကယ်ကောင်းကောင်းပြောခဲ့တာပဲ…"

ကျမ်းဟွမ်က မျက်ရည်များအား သုတ်ပြီးနောက် အမေရှုအား ပြောလေသည်။

"ရှောင်ရှု ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ…သူကသရုပ်ဆောင်လုပ်ချင်တယ်လို့ပြောတုန်းက …နောက်နေတာပဲလို့ထင်ခဲ့တာ …အခုတော့ အဆင်ပြေသွားပါပြီ…"   

အမေရှုသည်လည်း သူမ၏ မျက်လုံးအား တစ်ရှုးနှင့်တို့ကာ ပြုံး၍ပြောလေသည်။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now