အပိုင်း ၂ အကြီးဆုံးသမီး

791 76 0
                                    

Chapter 192

ဖုန်းကို ဘေးရှိလူက လက်ဆင့်ကမ်းပေးလိုက်ရာ  ယွဲ့စုန့်က ယူကြည့်လိုက်သည်။ ဓာတ်ပုံထဲတွင် ဒါရိုက်တာရှယ် နှင့် အခြား လက်ထောက်ဒါရိုက်တာများ အပြင် ဆယ်ကျော်သက်လူငယ်စုံတွဲတစ်တွဲကို  တွေ့လိုက်ရသည်။မိန်းကလေး၏ မေ့ပျောက်ရန် ခဲယဉ်းသွားကာ ရုပ်ရည်သွင်ပြင်ကြောင့် ယွဲ့စုန့်   ပြန်အမှတ်ရသွားသည်။

ယွဲ့စုန့် သူမ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။သူ အနီးကပ် ကြည့်လိုက်ရာ သူမသည် ဓာတ်ပုံထဲတွင် မိတ်ကပ်လိမ်းထားသဖြင့် မိတ်ကပ်လိမ်းခြင်းကို  ကြိုက်ပုံရပြီး လူကြီး တစ်ယောက်လို ဟန်ဆောင်တတ်သည်။သူမဆိုးထား‌သော နှုတ်ခမ်းနီ၏အရောင်သည် လှပသော်လည်း သူမ မျက်နှာကို အေးစက်သွားစေသည်။ယွဲ့စုန့်က ဓာတ်ပုံထဲမှ ကောင်မလေးကို  ကြည့်ပြီး ပြုံးလိုက်သည်။ထို့‌နောက် အလွန်ချောမောသော အထက်တန်း ကျောင်းသားလေးကို ကြည့်လိုက်မိသည်။

'သူက သူမရဲ့ ရည်းစားလား....သူတို့ စုံတွဲက အတူတူ ရင်းနှီးမြုပ်နှံခဲ့ကြတာလား...'

ယွဲ့စုန့်က ဖုန်းကို ပြန်ပေးလိုက်သည်။

"သူတို့နှစ်ယောက်ကို ကျွန်တော်မသိပါဘူး...ဒါပေမယ့်…သူတို့က အရမ်းငယ်ပုံ ရတယ်နော်...."

ထမင်းစားနေသော အဖွဲ့သားများအားလုံး တစ်ပြိုင်နက်တွေးမိသွားကြသည်။

'မင်းလည်း အသက်မကြီးသေးပါဘူး...'သူတို့တွေးရုံသာ တွေးကြပြီး နှုတ်မှမူ တစ်ခွန်းမှ မပြောရဲပေ။

ယွဲ့စုန့် ညနေစောင်းမှ ထွက်သွားသောအခါ ထုတ်လုပ်သူက သူ့ကို လေဆိပ်သို့ လိုက်ပို့ပေးပြီး နှုတ်ဆက်လိုက်သည်။သူဌေးယွဲ့ ထွက်သွားသည့်အခါ ထုတ်လုပ်သူက ပြန်လှည့်၍ ဆိုက်ရောက်ဂိတ်သို့ သွားကာ နာရီဝက်ခန့် စောင့်နေလိုက်လျှင်  ရှုလီချန် ရောက်လာလေ၏။

ထုတ်လုပ်သူက သူ့လက်ကို ဝှေ့ယမ်းပြီး

လှမ်းအော်လိုက်သည်။

"ရှောင်ရှု.."

"အစ်ကိုကြီး ဝမ်.."

ရှုလီချန်မှာ ထုတ်လုပ်သူအား သတိရဆဲဖြစ်ပြီး သူနှင့် အတူတူ သောက်ဖူးသူတိုင်းကို မှတ်မိနေလေသည်။ သူက သူ့အဖေအရွယ်ရှိ အသက်ကြီးလှသော အစ်ကိုများနှင့် ခင်မင်တတ်သူ ဖြစ်၍  သူ့လက်ကို အားကြိုးမာန်တက် ပြန်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်လေသည်။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now