chapter 257

469 41 0
                                    

Chapter 257
Part 257January 17, 2023

ရှုလီချန်သည် နှစ်ရက်အတွင်း ကျောင်း၌ နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့သည်။တစ်နေ့တွင် အတန်း (၅) အတန်းပိုင်က သူ့ကို ရုံးခန်းခေါ်ပြီးစကားပြောလာ၏။

အဓိကအကြောင်းအရင်းမှာ လက်တလောဖြစ်ပျက်နေသောအရာများကြောင့် အာရုံပျံ့လွင့်သွားကာစာလေ့လာမှုအား ထိခိုက်လာမည်ကိုစိုးရိမ်၍ဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် ရှုလီချန်သည် ဤအသက်အရွယ်အထိ ကြီးပြင်းလာခဲ့ပြီး ဆရာများစွာနှင့် တွေ့ဆုံခဲ့ရသည်။

သို့သော်လည်း သူသဘောအကျဆုံးဆရာမမှာ  ရီအထက်တန်းကျောင်း၏ အတန်း(၅) အတန်းပိုင်ဖြစ်၏။

ယခင်က ကြုံဆုံခဲ့သောဆရာများက ရှုလီချန်အား မုန်းတီးကြသည်။

ဖော်ပြခြင်းမရှိသော်လည်း ရှုလီချန်အား သဘောမတွေ့ကြသည်မှာ ပေါ်လွင်နေ၏။

သို့သော် ရီအထက်တန်းကျောင်းသို့ ဝင်ပြီး အတန်း(၅)တွင် တက်ရောက်ရန် ကိုယ်တိုင် ကြိုးစားအားထုတ်လိုက်သောအခါ အခြေအနေမှာ ကွဲပြားသွားတော့သည်။

ရှုလီချန်ထိုင်သောနေရာကို အတန်းပိုင်မှ အထူးစီစဉ်ပေးထားခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိခဲ့ရသည်။  မျက်မှန်နှင့်တစ်ယောက်ကလည်း သူ့အား ကူညီပေးတတ်၏။

အတန်းပိုင် စီစဉ်ပေးခဲ့သည်ဖြစ်သော်လည်း နောက်ပိုင်း၌ ထိုတစ်ယောက်နှင့် အမှန်အကန်သူငယ်ချင်းများဖြစ်လာခဲ့တော့သည်။

ယခုစာသင်နှစ်၌ ထိုမျက်မှန်နှင့်တစ်ယောက်က အတန်း (၃) သို့တက်သွား၏။

သူသည် သာမန်ဘောပင်ကိုသုံး၍ပင် မှတ်စုများအား လှလှပပရေးတတ်သည်။

ထို့ကြောင့် ရှုလီချန်က စာသင်နှစ်အစတွင်

ဖောင်တိန်တစ်ချောင်းကို လက်ဆောင်ပေးခဲ့၏။

" အတန်း(၃)ကနေ ပြန်ပြုတ်ကျလာရင် ဘောပင်ပြန်ပေးဖို့သာပြင်ထား "

မျက်မှန်နှင့်တစ်ယောက်က ရှုလီချန်အား ဝမ်းသာအားရ လက်သီးဖြင့်ထုကာ ဘောပင်ကို လှမ်းယူသွားသည် ။၎င်းသည် သူ(အတန်းဖော်)အလွန်နှစ်သက်သော အမှတ်တံဆိပ်ဖြစ်ပြီး ဈေးကြီးလွန်းသောကြောင့်  မိဘများထံမှ ပူဆာရန် ဝန်လေးနေခဲ့ခြင်းဖြစ်၏။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now