အပိုင်း ၂ အကြီးဆုံးသမီး

917 86 1
                                    

Chapter 194

ယွဲ့စုန့်သည် သူ၏ ဝမ်းကွဲ ရွှယ်ရှင်းထုန်ကို မေးမြန်းနေသည်။

"ရှင်းနမ် အုပ်စု က မစ္စစုန့် ရဲ့ မြေးမလေးကို သိလား...."

"ဟင်..."

ယွဲ့စုန့် က ခပ်မြန်မြန် ပြောလိုက်သည်။

“ကျွန်တော်  ရင်းနှီးမြှုပ်နှံမဲ့ ပရောဂျက်မှာ သူမလည်း  ရင်းနှီးမြှုပ်နှံထားတယ်..ဒါကြောင့် ကျွန်တော်က သိချင်တဲ့သဘောပါ..."

ရွှယ်ရှင်းထုန်က  အံ့သြသွားပြီး သူ့ကို သေသေချာချာ မေးလိုက်သည်။

"မစ္စတာ ကျန်းဟွမ်ရဲ့ သမီးလား...အင်း...ငါလည်း သေချာ မသိဘူး..."

ယွဲ့စုန့် စိတ်ပျက်သွားရသည်။

"ဒါဆို သူမ နာမည်က ဘာတဲ့လဲ..."

ရွှယ်ရှင်းထုန်က ခဏစဉ်းစားပြီး မသေချာ မရေရာစွာဖြင့် ပြောလိုက်ပြန်သည်။

"သူမနာမည်က ကျန်း...ယန်ယန် ထင်တယ်..."

ကျန်းယန်ယန်...

ယွဲ့စုန့်သည် မိန်းကလေး၏ အေးစက်သော မျက်နှာကို ပြန်တွေးကာ ဤနာမည်သည် သူမ၏ စိတ်နေစိတ်ထားနှင့် မကိုက်ညီကြောင်း ခံစားလိုက်ရသည်။

ကျန်းဟွမ်ဆိုတဲ့လူကလည်း  သူ့သားသမီးတွေကို နာမည်ပေးတာ ညံ့လိုက်တာ....

ထို့နောက် ကေမြို့သို့ မိုလင်းရောက်လာသောအခါ သူ သိခွင့်ရသွားလေသည်။

"ရှင်းနမ် အုပ်စုက မစ္စကျန်း နဲ့ မစ္စမို တို့ ဘယ်လို တွေ့ခဲ့တာလဲ..."

ယွဲ့စုန့်က မိုလင်းကို မေးလိုက်သည်။

မိုလင်းက ခပ်ဆတ်ဆတ် ပြန်မေးလိုက်သည်။

“ရှင် ဘယ်သူ့ဆီကနေ သိလာတာလဲ....”

"ဒါရိုက်တာရှယ်နဲ့ သူများတွေဆီက ကြားခဲ့တာပါ..."

“ကံတရားပါပဲ....ရွှေကျန်းမှာရှိတဲ့ ဘဏ္ဍာရေးဖိုရမ်မှာ ကျွန်မ ချော်လဲပြီး ခြေထောက်ကို ဒဏ်ရာရတုန်းက  မစ္စကျန်းက ကျွန်မကို ကူညီပေးခဲ့တာလေ…”

သူမက ကျန်းယန်ရှန့်နှင့် သိကျွမ်းခဲ့ရပုံကို ယွဲ့စုန့်အား ပြောပြလိုက်လေသည်။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now