chapter 263

488 42 0
                                    

Chapter 263
Part 263January 18, 2023

သူတို့​တွေ 《​နေအဖွဲ့အစည်းကို စွန့်ခွာခြင်း》 အကြိုပြသပွဲအတွက် Bမြို့ကို သွားခဲ့ကြစဥ်က ​မိုလင်းက အောင်မြင်​နေ​​သော အ​ကြောင်းအရာကို အခွင့်​ကောင်းယူကာ ကျန်းဟွမ်ကို ပ​ရောဂျက်အသစ်​တွေ အကြံပြု​ခဲ့သည်။ အနုပညာ​​လောကက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တိုးတက်လာခဲ့ပြီး မိုလင်းရဲ့လက်ထဲမှာ များစွာ​သော ရုပ်ရှင်​တွေနဲ့ ဇာတ်လမ်းတွဲ ပ​ရောဂျက်​တွေ ရှိ​နေခဲ့ပြီဖြစ်သည်။



​အပြန်အလှန် ဆက်သွယ်ကြပြီး​နောက် ကျန်းဟွမ်က အမျိုးသမီးကြယ်ပွင့်​လေးနဲ့ တွဲ​နေခဲ့တာ ဖြစ်သည်။



မိုလင်းက​တော့ သူမက သူတို့နှစ်​ယောက်တွဲမိသွား​အောင် လုပ်ခဲ့တဲ့ ကြားခံလူအဖြစ် ခံစား​နေရသည်။ တစ်ခြား ​ဖောက်သည်​တွေဆို မိုလင်းက ဂရုစိုက်မှာ မဟုတ်​ပေဘူး။ သူမရဲ့ အ​ရေးကိစ္စလည်း မဟုတ်ဘူး​လေ။



ဒါ​ပေမယ့်လည်း ထိုသူက ကျန်းယန်ရှန့်ရဲ့ အ​​ဖေဖြစ်​နေသည်။ မိုလင်းနဲ့ ကျန်းယန်ရှန့်က အရမ်းကို ရင်းနှီးပြီး သာမာန် စီးပွားဖက်များထက် ပိုသည့် ဆက်ဆံ​ရေးရှိ​နေသည်။ ​သေချာ စဥ်းစားပြီး​တော့ မိုလင်းက ကျန်းယန်ရှန့်နဲ့ သူမအ​မေတို့ ခံစားကြရမှာကို စိုးရိမ်သဖြင့် သူမကို ​ပြောပြဖို့သာ ဆုံးဖြတ်ခဲ့သည်။



"ပြီး​တော့လည်း ​တော်​တော်​လေး ကြာ​နေပြီ" သူမက ​ပြောသည် "ဒါ​ပေမယ့် ငါက မင်းရဲ့ ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲကို ထိခိုက်မှာစိုးလို့ အခုချိန်ထိ ​စောင့်​နေတာ... ​တောင်းပန်ပါတယ် ယန်ရှန့်"



"​​ပြောစရာမလိုပါဘူး... ​တောင်းပန်ပါတယ် အစ်မမို... အစ်မမှားတာ တစ်ခုမှ မလုပ်ခဲ့ပါဘူး... ဒါ အစ်မ​ကြောင့် မဟုတ်ပါဘူး" ကျန်းယန်ရှန့်က သူမကို ​ပြောလ်ုက်သည်

"ကျွန်မအတွက် စိုးရိမ်စရာ မလိုပါဘူး... ကျွန်မအ​ဖေရဲ့ လက်ရှိဇနီးက ကျွန်မအ​မေလည်း မဟုတ်ဘူး​လေ...ကျွန်မအ​မေက ဆုံးသွားတာ ကြာလှပြီ"

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now