အပိုင်း ၂ အကြီးဆုံးသမီး

789 72 0
                                    

Chapter 195

ကျန်းယန်ရှန့် ဖုန်းကို ဖွင့်လိုက်လျှင် ရှုလီချန်ထံမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။

"ဆောင်းရာသီ အားလပ်ရက် အတွက် အိမ်စာတွေ အကုန်ပြီးသွားပြီ..."

ရှုလီချန်က စားပွဲပေါ်တွင် အိမ်စာ စာအုပ်များ အားလုံးကို ဖြန့်ထားပြီး ဓာတ်ပုံရိုက်ကာ သူမကို ပို့လိုက်သလို ဝီဘိုတွင်လည်း ပို့စ်တင်ခဲ့သည်။ သို့သော် ကျန်းယန်ရှန့်က သူ့ကို ပြန်ပြောမနေဘဲ  ဖုန်းကိုသာ ပိတ်လိုက်သည်။

......

"ဆောင်းရာသီ အားလပ်ရက်အတွက် သားရဲ့ အိမ်စာတွေ အကုန်ပြီးပြီ..."

ကျန်းရှို့ချန်က ခါးထောက်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ကျောင်းဖွင့်တော့မည်ဖြစ်၍ ကျန်းယုနှင့်  ကျန်းဟွမ်တို့သည် အဘွားကျန်းကို တွေ့ဖို့ ကလေးများကို ခေါ်လာကြခြင်း ဖြစ်သည်။အဘွားကျန်းက ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန်တို့ကို အိမ်စာများ ပြီးပြီလားဟု မေးနေလေတော့သည်။ ကျန်းဟယ်လင်းမှာ ပြန်မဖြေသေးသော်လည်း ကျန်းရှို့ချန်ကမူ ပြီးပြီးဖြစ်ကြောင်း အလျင်စလို ပြောလိုက်ရာလူကြီးများအားလုံး ရယ်မောလိုက်ကြသည်။

ကျန်းဟယ်လင်းက အဘွားကျန်းကို အမြန်ဖြေလိုက်သည်။

“သမီး အိမ်စာတွေပြီးတာကြာပြီ...ရှို့ရှို့ က မနေ့ကမှ  ပြီးသွားတာ...”

"နောက်ဆို သားလည်း အိမ်စာတွေကို အချိန်မီ ပြီးအောင်လုပ်ပါ့မယ်..."

အဘွားကျန်းက ပြုံး၍ ကျန်းရှို့ချန်ကို ပြောလိုက်သည်။

"သားက အိမ်စာတွေ ပြီးအောင် ရေးလို့ အရမ်း လိမ္မာတယ်နော်...ဒါပေမယ့် သားမမလို စောစောစီးစီးပြီးအောင် လုပ်ရင် ကစားဖို့  အချိန်တွေ အများကြီးရတာပေါ့ ... မဟုတ်ဘူးလား..."

အဘွားကျန်းက  မူလတန်း ကျောင်းသားများကို မေးပြီးနောက်  အထက်တန်း ကျောင်းသားများကို မေးလိုက်ပြန်သည်။

"ရှောင်လင်းနဲ့ ယန်ယန်ကရော ဘယ်လိုလဲ..."

ကျန်းယန်ရှန့် ၏ ဝမ်းကွဲအစ်ကို ကျန်းလင်းသည် ကိုယ်ပိုင်ကျောင်းတွင် ကျောင်းတက်နေသူ ဖြစ်သည်။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now