chapter 260

682 70 1
                                    

Chapter 260
Part 260January 17, 2023

နောက်နှစ်ဝက်အတွင်း၌ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မည့်အတွက် သူမသည် စာကျက်ဖို့သာ စိတ်အားထက်သန်နေ၏။

ရံဖန်ရံခါတွင် သူမသည် လျန့်ယင်းယင်းအိမ်တွင်ရှ်ိနေသော အရိပ်အယောင်ကို မြင်လျှင် ယခင်ဘဝက သူမကိုယ်သူမ ပြန်သတိရမိကာ လေးလေးနက်နက် ခံစားခဲ့ရသည်။

သို့သော် မတန်ပေ။

မည်သူ့အတွက်မှ မိမိအချိန်ကို ဖြုန်းတီးနေစရာမလိုပါ။ကိုယ့်ဘဝ ကိုယ်သာ ကျောင်းရမည်ဖြစ်သည်။

များမကြာမီတွင် သူမ၏အဖေဘက်မှတော်စပ်သည့် ဦးလေး၏နေအိမ်တွင် မိုးကြိုးမုန်တိုင်း တိုက်ခတ်လာသည်။

ကျန်းယန်ရှန့်၏ရင်းနှီးမြုပ်နှံမှုအကြောင်းကို ရှောင်ရှားရန်အတွက် ကျောက်လန်ဖန်သည် M နိုင်ငံသို့ သွားခဲ့သည်။ ထိုအချိန်တွင် ကျန်းလင်းကိုပါ  တစ်ခါတည်း သွားရောက်ကြည့်ရှုခဲ့၏။

သားဖြစ်သူကို အံ့အားသင့်စေချင်သည့်အတွက် သူမ ရောက်ကြောင်းကို ကြိုတင်အသိမပေးထားပေ။ရလဒ်အနေဖြင့် ကျန်းလင်းတက်ရောက်နေသည်ဆိုသည့်တက္ကသိုလ်သို့ ရောက်သောအခါ ကျန်းလင်းမှာ နဂိုကတည်းက စာရင်းပေးသွင်းထားခြင်းမရှိကြောင်း သိလိုက်ရသည်။

ကျန်းလင်း သည် ထိုတက္ကသိုလ်တွင် လုံးဝမရှိပေ။

ကျန်းလင်းသည် တက္ကသိုလ်တစ်ခုမှ ကမ်းလှမ်းချက်တစ်ခုဖြင့် ကျောက်လန်ဖန်ကို အရူးလုပ်ခဲ့သည်။လက်တွေ့၌ သူသည် အနုပညာကောလိပ်မှ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့၏။

မူလက ကျန်းလင်းမှာ ပုံဆွဲခြင်းနှင့် ပန်းချီကို ဝါသနာအဖြစ်သာ သတ်မှတ်ထားခဲ့သည်။ 

သို့သော် ကျန်းလင်းသည် ဤနယ်ပယ်တွင် အလွန်တရာထူးချွန်ကြောင်း လူတိုင်းသိကြ၏။

ထိုလမ်းကြောင်းအား ဘဝဖြင့်ဆိုင်သောရွေးချယ်မှုတစ်ခုအနေဖြင့် ကျန်းလင်းက သတ်မှတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

အဖြစ်အပျက်များမှာ ယခင်ဘဝနှင့် တစ်ထပ်တည်းပင်။ကျန်းယန်ရှန့်သည် ကြိုသိနေခဲ့သော်လည်း  ကျန်းလင်း၏ရွေးချယ်မှုကို လေးစားသောအားဖြင့် မည်သည်ကိုမှမပြောခဲ့ပေ။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now