chapter 259

483 45 0
                                    

Chapter 259
Part 259January 17, 2023

ပိုက်ဆံရလာသောအခါ ကျန်းယန်ရှန့်က

သူမ၏မိခင်ဘက်မှ ဦးလေးထံ ယွမ်ငွေ ၂.၃၅ သန်းလွှဲပေးလိုက်သည်။

ထို့နောက် ဦးလေးဖြစ်သူထံ ဖုန်းဆက်လိုက်၏။



“ အရင်း ယွမ်ငါးသိန်းနဲ့ အမြတ်ငွေ ယွမ်၁၈သိန်းခွဲဆိုတော့ စုစုပေါင်း ယွမ်၂၃သိန်းခွဲပေါ့ အမြတ်ရာခိုင်နှုန်းက ၃၇၀ % ပါ "

ထိုအခါသူမ၏ဦးလေးက အံသြသွားသည်။

“  ဘာအတွက် ရင်းနှီးမြှုပ်နှံခဲ့တာလဲ ”

ကျန်းယန်ရှန့်က ပြုံးသည်။

အမှန်တကယ်တော့ သူမ၏ဦးလေးသည် ကျောင်းမစခင်၌ k မြို့သို့ရောက်ရှိခဲ့၏။

ထိုအချိန်က ရုပ်ရှင်မှာ ဘာမှမဖြစ်မြောက်ခဲ့သေးပေ။

ဦးလေးဖြစ်သူက ထွက်သွားသည့်အချိန်အထိ စကားတစ်ခွန်းမှ မဟခဲ့ချေ။

ကျန်းယန်ရှန့်ဘက်မှ သူမ၏ ရုပ်ရှင်တွင် ပါဝင်ရင်းနှီးမြှုပ်နှံရန်ပြောချိန်တွင် ဦးလေးမှာ စိတ်ပါဝင်စားခြင်းမရှိခဲ့ကြောင်း သူမသိသည်။

ရုပ်ရှင်နာမည်ကိုပင် မှတ်မိမည်မဟုတ်ချေ။

" နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း အတွက်ပါ  " ကျန်းယန်ရှန့်က ဖြေသည်။

ယခင်က ဤဇာတ်ကားခေါင်းစဉ်အား ပြောခဲ့ချိန်က ဦးလေးမှာ  လုံးဝမမှတ်မိနိုင်ခဲ့ပေ။

သို့သော် ယခုအချိန်၌  " နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" အား  မသိသူမရှိကြတော့။

ဇာတ်ကားခေါင်းစီးက အရမ်းမိုက်သည်။

ဦးလေးဖြစ်သူမှာ အံ့သြလွန်း၍ ပါးစပ်မစိနိုင်တော့ချေ။

“ အဲ့ဒီဟာအတွက်ပေါ့  "

ကျန်းယန်ရှန့်၏ရယ်မောသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

  “ ဟုတ်ပါတယ် ”

“ စုစုပေါင်း ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့တာလဲ”  ဦးလေးဖြစ်သူက မထိန်းချုပ်နိုင်တော့သည့်အဆုံး မေးချလိုက်တော့၏။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now