Part(5)Uni/Zaw

14.3K 761 56
                                    

Unicode

'လွမ်း' အိပ်ယာနိုးလာတော့ 'မြူငယ်'က သူ့ရင်ဘတ်ပေါ်ခေါင်းတင်အိပ်နေကာ သူကတော့ပက်လက်လှန်အနေအထားနဲ့ဖြစ်သည်။
လက်တစ်ဖက်က 'မြူငယ်'၏ခါးကိုဖက်ထားကာ
နောက်တစ်ဖက်ကို အပေါ်မြောက်ကြည့်လိုက်တော့ ပက်တီးဖြူဖြူတို့က နေရာယူနေသည်။
ညကသူအိပ်ပျော်သွားသည့် အချိန်တွင် 'မြူငယ်' ဆေးထည့်ပေးထားတာဖြစ်မည်။

ညကသူ့စိတ်တွေအမှန်တစ်ကယ်ကို လွတ်ထွက်သွားတာဖြစ်သည်။ 'သုတ' နဲ့ကိစ္စက 'မြူငယ်' နဲ့မဆိုင်မှန်းသိပါသည်။ ကာယကံရှင်ဖြစ်သည့် ကိုယ်နှင့်သာဆိုင်မှန်းသိနေသော်ငြား ညက 'မြူငယ်' ကိုဘာကြောင့်စိတ်တိုမိမှန်း မသိ၊
'မြူငယ်' ကိုဖြည်းဖြည်းချင်းဘေးသို့ရွေ့ကာ
သူ့အခန်းကို ပြန်သွားလိုက်သည်။

' မြူငယ်' အိပ်ယာနိုးလာတော့ နေ့လည်ဆယ့်တစ်နာရီတောင်ထိုးနေပြီဖြစ်သည်။ 'လွမ်း' ထသွားတာကိုလည်း သူမသိလိုက် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူ့ကိုမနိုးတာဖြစ်မည်ဟုတွေးကာ ရေဝင်ချိုးပြီးနောက် 'လွမ်း' ၏အခန်းဘက်ကို သွားတော့ 'လွမ်း' ကမရှိ၊

" ပါပါး!! "

အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားခန်းဘက်မှထွက်လာသည့် 'ကမ္ဘာ' ကြောင့် 'မြူငယ်' အပြေးသွားကာ ဖက်လိုက်သည်။

" နိုးပြီပေါ့ အိပ်ပုတ်လေး "

" ပါပါး ဘယ်တုန်းကပြန်ရောက်တာလည်း
Daddy ရော "

" မနက်ကပဲပြန်ရောက်တာ မင်း Daddy ကကားမောင်းရတာ ပင်ပန်းလို့တဲ့ အိပ်နေတယ် "

" ဟုတ် ဒါနဲ့ ပါပါး 'လွမ်း' ရော "

" ပါပါးလည်း သားကိုမေးမလို့ ဒီကိုလာ "

'ကမ္ဘာ' က 'မြူငယ်' ၏လက်ကိုဆွဲကာ ဧည့်ခန်းထဲရှိနှစ်ယောက်ထိုင်ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

" သား နဲ့ 'လွမ်း' ရန်ဖြစ်ထားတာလား "

" 'လွမ်း' ကသားကိုစိတ်ဆိုးနေတာ
ဒါပေမယ့် ဘာကိုစိတ်ဆိုးနေမှန်း သားမသိဘူး"

" 'လွမ်း' ကမနက်ကပဲ မန္တလေးကို
သွားလိုက်တယ် "

" ဗျာ!! "

" သူ့အစ်ကိုဆီ အလည်သွားမလို့တဲ့ "

" သားကို ချန်ခဲ့တာပေါ့ "

You're My Beloved ( COMPLETE )Where stories live. Discover now