Part(7)Uni/Zaw

14.4K 694 56
                                    

Unicode

" 'လွမ်း'... "

" အင်း.. "

" မအိပ်သေးဘူးလား "

'လွမ်း' ဆိုဖာတွင်ထိုင်ကာ Laptopတစ်လုံးဖြင့် အလုပ်လုပ်နေရင်း လှည့်ကြည့်လိုက်တော့
ကုတင်ပေါ်တွင် စောင်ခေါင်းခြုံကာ သူ့ကိုလှမ်းပြောနေသည့် 'မြူငယ်'

" မအိပ်သေးဘူး အလုပ်လတ်စသတ်ရဦးမှာ "

" ဒီမှာလာလုပ်ပါလား "

'လွမ်း' သက်ပြင်းတစ်ချက်ချကာ Laptop ကိုယူလျက် ကုတင်ပေါ်တက်သွားလိုက်သည်။
ကုတင်ခေါင်းရင်းကို ကျောမှီထိုင်ကာ ပေါင်ပေါ်ကိုခေါင်းအုံးတင်၍ ထိုအပေါ်မှ
Laptop တင်ကာအလုပ်ဆက်လုပ်ရသည်။
'မြူငယ်' ကသူ့နားကိုအတင်းတိုးကပ်လာကာ
စောင်ထဲကနေ ခေါင်းလေးထွက်လာပြီး သူ့ကိုမော့ကြည့်လာသည်။

" အိပ်တော့ "

" အိပ်လို့မပျော်ဘူး "

" ငါရှိတယ် ဘာမှမဖြစ်ဘူး "

" မျက်လုံးမှိတ်လိုက်တာနဲ့ သရဲမကြီးက
ပေါ်လာတာ "

" ဒါဆိုလည်း မျက်လုံးဖွင့်ပြီး အိပ်လိုက် "

" 'လွမ်း'.. မင်းနော် "

'မြူငယ်' ပြောလိုက်တော့ 'လွမ်း' ကခပ်ဟဟရယ်ကာ အလုပ်ပြန်လုပ်နေသည်။ 'လွမ်း' က The World ၏ရှယ်ယာရှင်တစ်ယောက်ဖြစ်သလို ဒုတိယ ဥက္ကဥဆိုလည်းဟုတ်သည်။
တနင်္ဂနွေနေ့တိုင်း ကုမ္မဏီကိုသွား
လေ့ရှိသည်။ 'လွမ်း'က အသက်ငယ်ငယ်လေးထဲက The World နှင့်သက်ဆိုင်သည့် ပြသနာများကို ဖြေရှင်းနိုင်ရုံသာမက စီးပွားရေးအမျှော်အမြင်နှင့် အကြံပေးမှုများကြောင့် ယခုဆိုလျှင် The World က The Rainbow ထက်ပင်ကျော်လွန်ကာ Top One နေရာတွင် ရပ်တည်နေပြီဖြစ်သည်။

စီးပွားရေးလောကတွင် 'လွမ်း' ကနာမည်ကြီး
သည့်အထဲတွင်ပါကာ အရွယ်ရောက်လာလျှင်
စီးပွားရေးနတ်ဘုရား ဖြစ်လာနိုင်သည်ဟု
မှတ်ချက်ပေးကြသူများပင်ရှိကြသည်။

" မနက်ဖြန် မင်းကုမ္မဏီသွားရင် ငါရောလိုက်
ချင်တယ် "

" မနက်အစောသွားမှာ အိပ်ယာထမှာမလို့လား "

" ငါ့ကိုနိုး "

" အင်း.. "

" 'လွမ်း'... "

You're My Beloved ( COMPLETE )Where stories live. Discover now