Part(8)Uni/Zaw

14.4K 776 105
                                    

Unicode

"ခင်ဗျား... မလာနဲ့ မလာနဲ့... အင့်! "

နောက်ပြန်လက်ထိပ်ခတ်ခံထားရသဖြင့် ကြမ်းပြင်ပေါ်တွင် ခြေထောက်ကိုအားပြုကာ နောက်သို့ဒရွတ်တိုက်ဆုတ်သွားသည့် 'မြူငယ်'
ဝှီးချဲပေါ်တွင် ထိုင်နေသည့် 'သူရ' က 'မြူငယ်' ကိုကြည့်ကာ သဘောကျဟန်ဖြင့်ရယ်သည်။

" မတွေ့တာကြာပြီနော် အလှလေး ဟက်!
မင်းကကြီးလေ လှလေပါလား "

'မြူငယ်' ၏နီရဲနေသည့် နှုတ်ခမ်းပါးတို့က တစ်ဆတ်ဆတ်တုန်ယင်နေကာ မျက်ဝန်းတို့မှ အရည်ကြည်တွေဝေ့သီနေသည်။ 'သူရ' ကဘေးနားမှာ ရှိသည့်လူထွားကြီးတစ်ယောက်ကို အချက်ပြလိုက်တော့ ထိုသူက 'မြူငယ်' ၏အနားကို တိုးကပ်လာသည်။

'မြူငယ်' ကအနားတိုးကပ်လာသူကို ခြေထောက်ဖြင့် လှမ်းကန်တော့ ထိုသူက 'မြူငယ်' ၏ဘယ်ဘက်ခြေထောက်ကို လှမ်းဆွဲကာ ခြေချင်းဝတ်ကိုကိုင်၍ ရိုက်ချလိုက်သဖြင့် 'မြူငယ်' မျက်လုံးတို့ပင် ပြာဝေသွားရသည်။

" အား..... "

တဆစ်ဆစ်နာကျင်မှုက ခြေထောက်အရိုးတို့ကျိုးကျေသွားပြီဟုပင် ခံစားရသည်အထိ၊
အပေါ်က အုပ်မိုးလာကာ မျက်နှာအနားကပ်လာတော့ ထိုလူ၏ နှာခေါင်းကို ခေါင်းဖြင့် ပစ်တိုက်လိုက်တော့ ထိုလူ၏ အော်သံစူးစူးနှင့်အတူ
နှာခေါင်းမှယိုဖိတ်လာသည့် သွေးများ၊

ထိုလူက ဒေါသတကြီးပင် 'မြူငယ်' ၏လည်ပင်းအားဖိညစ်ထားသဖြင့် နာကျင်မှုနှင့်အတူ အသက်ရှုမဝဖြစ်လာသည်။ ဖြောင်း! ခနဲမြည်အောင်အရိုက်ခံလိုက်သည်မို့ ပါးပြင်ထက်နာကျင်မှုနှင့်အတူ နှုတ်ခမ်းထောင့်က ‌သွေးတို့ပင်စိမ့်ထွက်လာရသည်။

'သူရ' ကဖြစ်ပျက်နေသည်များကို အရသာခံကာ
စိုက်ကြည့်နေလိုက်သည်။ လွန်ခဲ့သည့်ဆယ်နှစ်က ဒီကလေးနဲ့ 'ကမ္ဘာငယ်' ကိုပြန်ပေးဆွဲမှုကြောင့်
သူ့ခြေထောက်တွေရိုက်ချိုးခံလိုက်ရသည့်အပြင်
ဘယ်ဘက်လက်ကိုပါအချိုးခံလိုက်ရကာ
ဒုက္ခိတဖြစ်ခဲ့ရခြင်းဖြစ်သည်။

ပြိုင်ကားအနက်ရောင်လေးက အဆောက်အအုံ ၏ရှေ့တွင်ထိုးရပ်လာကာ 'လွမ်း' ကကားပေါ်မှအမြန်ဆင်း၍ အဆောက်အအုံထဲကို ပြေးဝင်သွားသည်။

You're My Beloved ( COMPLETE )Where stories live. Discover now