56 - 60

778 89 0
                                    

အပိုင်း-၅၆(ဆာရှီမီ)

ရှီယုရဲ့ တစ်နေ့တာကတော့ အရင် ရက်တွေလိုပဲ နေ့ဘက်ဆို မုန်လာဥလှီး ညဘက်ဆို ငါးလှီး ပြီးတော့ နေ့တိုင်းစွပ်ပြုတ်ချက်နဲ့ လည်ပတ်နေတော့တယ်။ လဝက်လောက် မုန်လာဥတွေ
ချည်းပဲ လှီးလာပြီးနောက် သူမရဲ့ ဓားကိုင်နည်းကလဲ တော်တော် လေး တိုးတက်လာခဲ့တယ်။

ဒါပေမဲ့ ငါးကို လှီးနေရတာက မုန်လာဥကို လှီးရတာနဲ့ မတူကြ ဘူး။ ငါးက အသားပျော့ပျော့လေး မုန်လာဥလို ကြွပ်ဆပ်ဆပ် မဟုတ်ဘူးလေ။ သေချာစဉ်းစား လိုက်ပြီးနောက် သူမရဲ့ အိမ်စာကို ဆိုင်မှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်
်တယ်။ ရှီယူ ငါးတွေကို ဆိုင်ကို ယူလာပြီး မုန်လာဥတွေအစား ငါးတွေကိုပဲ လှီးဖြတ်ဖို့ပြင်လိုက် တယ်။သူမရဲ့ ဓားကိုင်နည်း အသစ်ကြောင့် ငါးအရေခွံခွာတာနဲ့ အရိုးနွှင်တာက အရင်ကထက် ပိုမြန်လာတယ်။

ဆိုင်ရှင်ကန်ပင်းက ရှီယု ငါးတွေကို ပြောင်းလှီးနေတာကို မြင်တော့ ခဏလောက် ကြောင်နေပြီးမှ ပြုံးသွားတယ်။

"ကြည့်ရတာ ငါတော့ နောက် ကောက်ကျနေပြီထင်တယ်" သူ့ရဲ့ မုန်လာဥတွေ ကုန်သွားတော့ သူလည်းပဲ ငါးတွေကို ပြောင်းလှီး
လိုက်တယ်။

မုန်လာဥမရှိတော့ မုန်လာဥ
စွပ်ပြုတ်လဲ မရှိတော့ဘူး။

အဲ့နေ့ကစပြီး ဆိုင်မှာ ငါးရိုးဟင်းချို ငါးဟင်းချိုနဲ့ ငါးခေါင်းဟင်းချိုပဲ ရောင်းတော့တယ်။ ငါးသည်တွေ
ကတော့ ကျောင်းကန်တင်းက ဆိုင်ကို ငါးတွေရောင်းနေရတော့ သေချာပေါက်ပျော်နေကြတာပေါ့။ လူတွေက ငါးထက် ကြက်သား ဝက်သားကိုပဲ ပိုကြိုက်ကြတာ
လေ။ လူကြိုက်အများဆုံးနဲ့ ဈေးအကြီးဆုံးကတော့ စိတ်ဝိညာဉ်သားရဲတွေဆိုပေမယ့် လဲ ကံဆိုးစွာနဲ့ ပိုက်ဆံရှိရှင်တောင် မှ ဝယ်ချင်တိုင်းဝယ်စားလို့ရတဲ့ အသားမျိုးမဟုတ်ဘူးလေ။

ဒါပေမဲ့ ဆိုင်ကိုပို့လိုက်တဲ့ ငါးတွေ
က သေးသေးလေးနဲ့ အရိုးလဲ များသေးတယ်။ သူမ အရင်လှီနေ ကြ ငါးတွေကမှ ပိုကြီးပြီး လှီးလို့
ကောင်းတဲ့အပြင် အရိုးလဲ သိပ်မများဘူး။ အိမ်ကကန်ထဲမှာ ငါးလဲ သိပ်မကျန်တော့ဘူးဆိုတော့
လောလောဆယ် ဒီငါးသေးသေး လေးတွေကိုပဲ လှီးလိုက်ရတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now