91 - 95

720 85 2
                                    

အပိုင်း-၉၁ (မုန်လာဥနဲ့ဝက်ရိုးစွပ်ပြုတ်)

ရှောင်လျူကို ချော့ပြီးသွားတော့ ရှီယု ကျန်တဲ့သူတွေအကြောင်းကို
မေးလိုက်တယ်။

ကံမကောင်းစွာနဲ့ ရှီယု စ,မေးလိုက်
တာနဲ့ ရှောင်လျူက ထပ်ငိုလိုက်
တယ် "ဒုတိယအစ်ကိုနဲ့ ရှောင်ချီက စိတ်ဝိညာဉ်သားရဲတောင်ကို သွားကြတယ်။ ထာဝရ
ကျောက်စိမ်းပဒုမ္မာကြာပန်းက အဘိုးကို ကယ်နိုင်တယ်လို့ ကြား
တာနဲ့ တောင်ပေါ်တက်သွားကြ
တာ။ အစ်ကို၅က ဆိုင်မှာပဲ။ ကျတော်က အဘိုးကို စောင့်ရှောက်ပေးဖို့ အိမ်မှာ ကျန်ခဲ့တာ"

"သူတို့တွေ တောင်ပေါ်တက်သွား
ကြတယ် ဟုတ်လား?'' ရှီယု ရင်ထဲမှာ မွန်းကျပ်သွားတယ်။ တစ်ယောက်က၁၄နှစ်ပဲ ရှိသေး
တယ်။နောက်တစ်ယောက်ကလဲ ၁၀နှစ်ပဲရှိသေးတယ်။ တောင်ပေါ်
တက်သွားကြတာ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာနဲ့ဘာကွာ
လို့လဲ? "သူတို့ဘယ်တုန်းက ထွက်သွားတာလဲ?ဘယ်လောက်
ကြာနေပြီလဲ?''

"၃ရက်ရှိသွားပြီ"

ရှီယုချက်ချင်းပဲ ထရပ်လိုက်တယ်။
ရှီယု အပြင်ကို ပြေးထွက်လာတုန်း လင်းအိမ်တော်ထိန်းနဲ့ တွေ့လိုက်
ရတယ်။ လင်းအိမ်တော်ထိန်းက ရှီယုကို မြင်တာနဲ့ အရိုအသေးပေး
လိုက်ကာ "မိန်းကလေး, စိတ်ဝိညာဉ်သားရဲတောင်ပေါ်ကို လိုက်သွားမလို့လား?စိတ်မပူပါနဲ့ အကြီးအကဲက လောင်အာနဲ့ ရှောင်ချီနောက်ကို လိုက်စောင့်
ရှောက်ပေးဖို့ လူလွှတ်ပြီးသားပါ။ သူတို့ တောထဲဝင်မယ်ကြံတာနဲ့ အဲ့လူက ပြန်ခေါ်လာပေးလိမ့်မယ်"

အငယ်လေးတွေက လင်း
အိမ်တော်ဆီက အကူအညီကို လက်ခံလိုက်ရလို့ တော်တော်
အားနားနေကြတာ။အဲ့တာကို လင်းခေါင်းဆောင်က သိတဲ့အ
တွက် သူတို့သွားတာကို မတားဘဲ
နောက်ကနေ လူလွှတ်ပြီး ကာကွယ်ခိုင်းထားတာပဲ။

သူမရဲ့ မောင်နှမတွေကို မစောင့်ရှောက်ပေးလည်းရရဲ့သား
နဲ့ အခုလို တကူးတက ကာကွယ်
ပေးတဲ့အတွက် ရှီယု လင်း
ခေါင်းဆောင်ကို တော်တော် ကျေးဇူးတင်မိသွားတယ်။ သူမရဲ့ မောင်နဲ့ညီမလေး ဘေးကင်တယ်
ဆိုလို့ ရှီယု စိတ်အေးသွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now