356 - 360

529 56 0
                                    

အပိုင်း၃၅၆

အစကနေအဆုံးအထိ ရှီယုတစ်ယောက် ထိုတိုက်ပွဲထဲမှာဝင်မပါခဲ့ပေ။သူမရဲ့လက်ရှိ ကျင့်ကြံမှုအဆင့်လေးနဲ့ ဘာမှမကူညီပေးနိုင်တာကြောင့် သူမ ကျွမ်းကျင်တဲ့အချက်ပြုတ်ပညာရပ်နဲ့ပဲ ကျေးဇူးဆပ်ဖိူ့ဆုံးဖြတ်လိုက်တယ်။

ထိုနေ့လည်ခင်းမှာပဲ ရှီယုတစ်ယောက် ကုန်သွယ်အိမ်ယာမှာ ကြက်ဆင်သားသွားဝယ်လိုက်တယ်။ အိမ်ပြန်ရောက်တာနဲ့ သီးသန့်လေဟာနယ်ထဲကိုဝင်ကာ ခရမ်းသီးနည်းနည်းလောက်သွားခူးပြီး အပြင်ပြန်ထွက်လာခဲ့တယ်။ ပါဝင်ပစ္စည်းတွေစုံတာနဲ့ အရင်ဆုံးကြက်ဆင်သားကို ရေဆေးပြီး ပြုတ်ထားလိုက်တယ်။ အဲ့နောက် ခရမ်းသီးတွေကိုရေဆေးကာ အစိတ်သေးသေးလေးတွေလှီးလိုက်တယ်။မီးဖိုပေါ်က ကြက်ဆင်သားတွေကျတ်တာနဲ့ ဆယ်လိုက်ကာ အသားတုံးသေးသေးလေးတွေအဖြစ်လှီးလိုက်တယ်။ အားလုံးပြီးတာနဲ့ ဒယ်အိုးသစ်တစ်လုံးယူပြီး ဆီထည့်ကာ ဆီပူလာတာနဲ့ခရမ်းသီးနဲ့ ကြက်ဆင်သားတွေကိုထည့်ကြော်လိုက်တယ်။ 

ထိုအချိန်မှာပဲ ချန်းယန်ချူတစ်ယောက် ဆိုင်ထဲကိုရောက်လာခဲ့တယ်။ သူ ဆိုင်ထဲကနေ သိပ်သည်းတဲ့စွမ်းအင်အငွေ့သက်တွေကို ခံစားမိလိုက်တာကြောင့် ရှေ့မှာထိုင်နေတဲ့စုနျန်ကိုမေးလိုက်တယ် "မီးဖိုထဲကနေ စွမ်းအင်တွေအများကြီးထွက်နေသလိုမခံစားမိဘူးလား?"

စုနျန်-"စိတ်ဝိညာဥ်သားရဲရဲ့အသားနဲ့ ဟင်းချက်နေမှတော့ ဒါပုံမှန်ပဲမဟုတ်ဘူးလား?"

ချန်းယန်ချူ-"အဲ့လိုလား?"
သူ တစ်ခုခု မူမမှန်သလိူခံစားနေရပေမယ့်လဲ သက်သေမပြနိုင်တာကြောင့် ဆက်မမေးတော့ဘူး။

သူတိူ့တွေစကားပြောနေကြစဥ်မှာပဲ ရှီယုဟင်းပွဲသယ်ကာ မီးဖိုထဲကနေထွက်လာခဲ့တယ်။

"ဒီဟင်းပွဲ!"စုနျန်တစ်ယောက် အသားဖင်တစ်ဖက်ယူစားပြီးနောက် မျက်လုံးတွေပြူးကျယ်သွားတယ်။သူမ ဒီလောက်ထိစွမ်းအင်တွေများပြားနေတဲ့ဟင်းပွဲမျိုးမစားဖူးဘူး။ အသားဖက်က သူမရဲ့ပါးစပ်ထဲရောက်လာတာနဲ့ သန့်စင်တဲ့စွမ်းအင်တွေက တစ်ကိုယ်လုံးကိုစီးဆင်းသွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now