86 - 90

663 74 0
                                    

အပိုင်း-၈၆ (မုန်လာဥနဲ့ဝက်ရိုး
စွပ်ပြုတ်)

ဖုန်းလျို လင်းဖန်ဘက်ကိုလှည့်ပြီး အကူအညီ တောင်းလိုက်တယ် "မင်းနဲ့ ဒုတိယရွှယ်သခင်မလေး
က ရင်းနှီးကြတယ်မလား?မင်း ဒီတစ်ကြိမ်လောက် ငါ့ကို ကူညီပေးပါလား?''

လင်းဖန် အဲ့လို ရန်ပွဲတွေကြားထဲ
ဝင်မပါချင်ပေမယ့်လဲ ဖုန်းလျိုက အကူအဘီတောင်းလာတော့ ခေါင်းငြိမ့်ပြလိုက်တယ်။

လင်းဖန်ရောက်လာတော့ ရွှယ်ချင်းရုံလဲ ပြဿနာကို ဒီမှာတင်ရပ်ဖို့ ဆုံးဖြတ်လိုက်တယ်
"လင်းဖန်, ရှင် ကျမကို ထမင်း
လိုက်ကျွေးရမယ်နော်! မမလဲ ပါမှာဆိုတော့ ရှင် ငြင်းလို့မဖြစ်
ဘူး" ပြောပြီးတာနဲ့ လင်းဖန် လင်ခံတယ်လို့ ယူဆလိုက်ကာ ရွှယ်ချင်းရုံလဲ ထွင်သွားလိုက်
တယ်။

ရွှယ်ချင်းရုံ ထွက်သွားတာနဲ့ ဘေး
မှာရပ်ကြည့်နေကြနဲ့ သူတွေက မုန့်လီငို ဝိုင်းထူပေးလိုက်ကြ
တယ်။ ထိုအချိန်မှာ မို့ယင်က လူအုပ်ထဲကနေ ရုတ်တရက် ထွက်
လာပြီး မုန့်လီရဲ့အဝတ်အစားတွေ
ကို ဖုန်ခါပေးလိုက်ကာ"အဲ့မိန်းမ တော်တော်လွန်တာပဲ။ သူ့အစ်မ
ကြောင့်သာ မဟုတ်ရင် ဘယ်သူက သူ့ကို အရေးလုပ်နေမှာလဲ?''

ရွှယ်ချင်းကောက အခုမှ အသက်
၁၈ပြည့်ပြီးပေမယ့် ဗဟိုချက်
ဖြစ်တည်မှုအဆင့်၉ကိုတောင် ရောက်နေပြီဖြစ်တယ်။ အရင်
နှစ်ဝက်တုန်းကလဲ သူမပဲ ပထမရ
ခဲ့ပြီး ကျောင်းရဲ့ နံပါတ်၁
အလှလေးဆိုတဲ့ နာမည်ကို
တောင် ရသွားသေးတယ်။

ဒီလိုအစ်မမျိုးရှိနေတာကြောင့် ရွယ်ချင်းရုံကို ဘယ်သူမှ အလွယ်တကူ အနိုင်မကျင့်ရဲကြ
ဘူး။

မုန့်လီ ခေါင်းငုံ့လိုက်ကာ သူမ
မျက်ဝန်းထဲက ဒေါသတွေကို
ဖုံးကွယ်လိုက်တယ် (မို့ယင်, နင်
က စောစောကတော့ လူတွေ
ကြားထဲမှာပုန်းနေပြီး အခုမှ မရှိတော့တဲ့လူကို အပြစ်ပြောနေ
တယ်။နင်သာ ရွှယ်ချင်းရုံကို မကြောက်ရင် စောစောကတည်း
က ထွက်လာခဲ့ပါလား?)

ဒါပေမယ့် သူမ ခေါင်းပြန်မော့
လိုက်တာနဲ့ မကျေနပ်ချက်တွေ
ကို မမြင်ရတော့ နူးညံ့တဲ့ ပုံရိပ်လေးပဲ ထင်ကျန်ခဲ့တယ် "ထားလိုက်ပါတော့။ သူက ရွှယ်
အိမ်တော်က သခင်မလေးပဲဟာ အဲ့လိုပုံစံမျိုးက ပုံမှန်ပါပဲ။ သူက ဖုန်းမျိုးနွယ်အကြောင်း ထည့်ပြော
နေလို့ ငါက ပြန်ပြောလိုက်မိတာ
ပါ။ ငါ့ဘာသာ အားနည်းနေလို့ သူ တွန်းချတာ ခံလိုက်ရတာပဲ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now