246 - 250

575 57 0
                                    

အပိုင်း ၂၄၆

ရှီယု အဲ့တာကိုကြားတော့ စိတိထဲမှာတမျိုးကြီးခံစားလိုက်ရတယ်။

အရင်ကအတွေ့အကြုံတွေကြောင့် သူမ ယောကျာ်းမိန်းမ ခွဲခြားတာကြီးကိုတကယ်မုန်းနေပြီ။ ဒီလောကကြီးက ကျင့်ကြံရေးလောကဖြစ်တာကြောင့် ယောကျာ်း မိန်းမ ခွဲခြားဆက်ဆံတာမျိုးတွေသိပ်မရှိတော့ဘူး။ အဲ့အမျိုးသမီးပြောနေတာတွေသာ အမှန်တွေဆိုရင် အဲ့လင်မယားရဲ့လုပ်ရပ်တွေကတကယ်လွန်လွန်းတယ်။

"သူတို့သားအကြောင်းပြောမှပဲ သတိရသွားပြီ။ အဲ့ကောင်လေးကို ခေါင်းမာပြီးအလိုက်ကမ်းဆိုးမသိတဲ့ ကောင်လေးလို့ထင်ထားတာ။  လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အဲ့ကောင်လေးရဲ့ကိုယ်ပေါ်မှာ  ရုတ်တရက်ကြီး အလင်းတန်းတွေပေါ်လာတယ်တဲ့။တချို့သူတွေပြောတာတော့ အဲ့တာသူ့မှာ စွမ်းအင်ကျင့်ကြံဖို့ပါရမီပါလာလို့တဲ့။ စိတ်ပျက်စရာပဲ လိမ္မာရေးခြားရှိတဲ့သမီးလေးမှာတော့ မွေးကတည်းကနာမကျန်းဖြစ်နေရှာတာ စိတ်ရှုပ်စရာကောင်းတဲ့ကောင်လေးကျတော့ ကံကောင်းပြီး ကျင့်ကြံလို့တောင်ရအုံးမှာတဲ့လေ"

"ငါလဲ အဲ့အကြောင်း ကြားတယ်။ သူတို့မိသာစုက ကောင်မလေးအတွက်လှူထားတဲ့ငွေတွေကိုသုံးပြီး အဲ့ကောင်လေးကို တော်ဝင်ကျောင်းတော်ကိုတောင်ပို့အုံးမလို့တဲ့လေ"

"ချီးပဲ! တော်ဝင်ကျောင်းတော်က ဘယ်လိုလုပ်အဲ့လူလိမ်တစ်သိုက်ကိုလက်ခံလိုက်တာလဲ?"

လူတော်တော်များများရဲ့နှလုံးသားထဲမှာတော့ တော်ဝင်ကျောင်းတော်က မြင့်မြတ်တဲ့နေရာတစ်ခုပင်။ ထိုနေရာကိုဝင်ခွင့်ရတဲ့ လူအများစုကိုလဲ သူတို့စိတ်ထဲမှာ မြင့်မြတ်တဲ့လူတွေလို့ပဲယူဆထားကြတယ်။

အဲ့အပြင် လတ်တလော တော်ဝင်ကျောင်းတော်က ကျောင်းသားတွေက ဗဟိုကွင်းပြင်ကပြိုင်ပွဲမှာ ဝင်ပြိုင်နေရင်း ပြိုင်ဘက်ပေါင်းစုံကို အနိုင်ယူခဲ့တာကြောင့် တော်ဝင်ကျောင်းတော်ကကျောင်းသားတွေကို တခြားသူတွေထက် သာလွန်လွန်းတယ်ဆိုတဲ့အတွေးက သူတို့ရင်ထဲမှာစွဲနေကြတယ်။

ရှီယု ထိုအမျိုးသမီးစကားဆုံးအောင်နားထောင်ပြီးမှ ဟိုင်အာလမ်းကြာဘက်ကိုထွကိလာခဲ့တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now