351 - 355

528 55 0
                                    

အပိုင်း၃၅၁

ရှီယု ထိုသတင်းကိုကြားတာနဲ့ အခုချိန်ကိုအခွင့်ကောင်းယူပြီး ချင်းလွမ်သားရဲရဲ့ဥတွေ သွားခိုးဖို့ဆုံးဖြတ်လိုက်တယ်။

တစ်ဖက်မှာတော့ ရုန်းမင်ကြွက်မျိုးနွယ်ဆီကို တခြားသားရဲမျိုးနွယ်စု၅စုကသွားနေကြကာ ဖြေရှင်းချက်တောင်းနေကြတယ်။ထောင့်တစ်နေရာမှာတော့ ထိုအုပ်စုကို လူ၃ယောက်က စောင့်ကြည့်နေကြတယ်။

သူတို့ထဲက တစ်ယောက်က စိတ်မရှည်ဟန်ဖြင့် "သူတို့အချင်းချင်း ဘာလို့မတိုက်ကြသေးတာလဲ? အစ်ကိုကျန်း ကျတော်တို့ဒီတိုင်းပဲဆက်စောင့်နေမှာလား?"

ထိုအခါ အစ်ကိုကျန်းလို့အခေါ်ခံလိုက်ရတဲ့တစ်ယောက်က အိတ်လေးတစ်အိတ်ကိုထုတ်ယူလိုက်ကာ "ဘယ်ဟူတ်မှာလဲကွ?ငါ နဂါးငွေ့ရည်ကိုယူလာခဲ့တယ်။ဒါနဲ့သာဆို ဝိညာဥ်သိပ်သည်းမြက်ရဲ့အနံ့ကို မြှားခေါ်နိုင်တယ်" အဲ့နောက် သူ ထိုအိတ်ထဲကအရည်တွေကို လေထဲမှာဖြန်းလိုက်တယ်။

ထို၃ယောက်နဲ့မလှမ်းမကမ်းမှာရှိတဲ့ သားရဲခေါင်းဆောင်တွေမှာ ရုန်းမင်ကြွက်မျိုးနွယ်ရဲ့ခေါင်းဆောင်ကို ဝိညာဥ်သိပ်သည်းမြက်ကို ထုတ်ပေးဖို့ရာပြောနေကြပေမယ့် ရုန်းမင်ကြွက်မျိုးနွယ်ရဲ့ခေါင်းဆောင်က ဘူးခံငြင်းနေတာကြောင့် အကြပ်ရိုက်နေကြတယ်။ ထိုအချိန်မှာပဲ နဂါးငွေ့ရည်နံ့ကိုရလိုက်တာကြောင့် အားလုံး သတိအနေအထားမှာဖြစ်သွားကြကာ "နဂါးငွေ့ရည်နံ့! ဒီနားမှာလူသားမျိုးနွယ်တွေရှိနေတာလား?"

သူတို့ရှိနေမှန်း သိသွားတာကိုမြင်တော့ လူသား၃ယောက်ထဲက၂ယောက်က ပြာယာခတ်သွားချိန်မှာ ကျန်တဲ့တစ်ယောက်က လှမ်းတားလိုက်တယ်"မစိုးရိမ်နဲ့! သူတို့မှာငါတိူ့ကို ဂရုစိုက်ဖို့အချိန်ရှိတော့မှာမဟုတ်ဘူး"

သူပြောနေစဥ်မှာပဲ သားရဲအကြီးကဲတွေက သူတို့နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ လှိုဏ်ဂူထဲကနေ  ဝိညာဥ်းသိပ်သည်းမြက်ရဲ့အနံ့ကို ရလိုက်တာကြောင့် ဂူထဲကိုအပြေးအလွှားသွားလိုက်ကြတယ်။

ရှီယု ရောက်လာချိန်မှာတော့ သားရဲတွေအချင်းချင်း တိုက်ခိုက်နေကြတဲ့ ထိုမြင်ကွင်းကို မြင်လိုက်ရတယ်။သူမရဲ့အရှိန်ဝါကို ချက်ချင်းပဲဖုံးကွယ်လိုက်ကာ ဂူအဝင်ဝနားမှာရှိတဲ့သစ်ပင်တစ်ပင်နောက်မှာ ပုန်းနေလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now