176 - 180

597 61 0
                                    

အပိုင်း-၁၇၆ (ယုန်သားအစပ်ကြော်)

ရှောင်ရှု အိမ်ပြန်ရောက်တော့ တံခါးဝမှာတင် အတားလိုက်ရတယ်။ ဒါပေမယ့် ဘေးမှာရှိနေတဲ့ အစေခံတွေက ရှီသခင်မကို သတင်းသွားပို့ကြတယ်။ သခင်မလေးကို ဒီအရွယ်ထိရောက်အောင် ဘေးကနေ ကြည့်ရှု စောင့်ရှောက်လာခဲ့တော့ အခုလို သူမ ခံစားနေရတာကို မြင်ပြီး ဒီတိုင်းရပ်မကြည့်ရက်ဘူး။

အစေခံတွေ သွားသတင်းပို့လိုက်တော့ ရှီသခင်မရဲ့ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပဲ "သိပြီ" ဆိုတဲ့ စကားတစ်ခွန်း အပြင် ဘာမှဆက်မပြောတော့ဘူး။

အဲ့တာကို ကြားတော့ သူမတို့ သခင်မက သခင်မလေးကို ဝင်ခွင့်မပေးဘူးလို့ပဲ ထင်သွားတယ်။

သူမက အပြင်မှာ စောင့်နေတဲ့  တံခါးစောင့်ကို ရှီသခင်မ ပြောတဲ့အတိုင်းပဲ သွားပြောလိုက်တော့ တံခါးစောင့်လဲ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။

ထိုအချိန်မှာပဲ ရှီသခင်မရဲ့ ဘေးမှာ အမြဲရှိနေကြ အစေခံတစ်ယောက်က ရောက်လာကာ "သခင်မက ဝင်ခွင့်မပေးနဲ့လို့ မပြောဘူးလေ"

အဲ့တာကို ကြားတော့ တံခါးစောင့်လဲ ခဏလောက် ကြောင်သွားပြီးမှ ရှောင်ရှုကို တံခါးသွားဖွင့်ပေးလိုက်တယ်။

သူမရဲ့ အစေခံက သူ့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်နဲ့ ပြောလိုက်တာကို ကြားပေမယ့် ရှီသခင်မက ဘာတစ်ခွန်းမှ ဝင်မပြောဘူး။ ရှောင်ရှု အထဲဝင်ခွင့်ရရချင်းပဲ သူမအမေဆီကို ပြေးသွားကာ ငိုယိုပြီး တောင်ပန်းနေပေမယ့်လဲ ရှီသခင်မက မလှုပ်မယှက်ရှိနေတာကြောင့် စိတ်ဓာတ်ကျသွားကာ အပြင်ကို ပြန်ထွက်လာခဲ့တယ်။

ရှောင်ရှုကို မြင်မြင်ချင်းပဲ ယွင်တုက သူမရဲ့ သခင်မလေးဆီကို ငိုယိုပြီး ပြေးသွားကာ ရှီယုရဲ့ လုပ်ရပ်တွေကို ပြန်တိုင်လိုက်တယ်။

ရှောင်ရှုက ယွင်တုရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ကာ "ရှောင်ယုက ငါ့ကို ထိခိုက်အောင်လုပ်တယ်လို့ ဘယ်သူ ပြောတာလဲ?''

ယွင်တုက သူမ သခင်မလေးရဲ့ စိတ်မဆိုးသွားတဲ့ ပုံစံကြောင့် အံ့ဩသွားကာ "လူတိုင်း ပြောနေကြတာပဲ! သခင်မလေး အိမ်ကနေ အနှင်ထုတ်ခံလိုက်ရတဲ့နေ့တုန်းက သူလဲ အနားမှာရှိရဲ့သားနဲ့ ဘာမှ ဝင်မပြောကူဘဲ မုန့်ပဲထိုင်စားနေတာလေ။ အဲ့တာက မထူးဆန်းဘူးလား?''

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now