201 - 205

557 57 0
                                    

အပိုင်း-၂၀၁ (ဝက်သားခေါက်ဆွဲကြော်)

အဆုံးမှာတော့ ဝမ်းဟန်က ရှီယုကို ဝါးအိမ်လေးဆီ ပြန်ပို့ပေးလိုက်တယ်။ ကောင်းကင်လက်ဖက်ပင်အကြောင်းကိုတော့ ဘာမှဆက်မမေးတော့ဘူး။ သူ့အတွက်တော့ သူနဲ့ မဆိုင်တဲ့ကိစ္စတွေကို စိတ်မဝင်စားဘူး။

ရှီယု အိမ်ပြန်ရောက်သွားတော့ ကျန်တဲ့သူတွေအားလုံး ပြန်မရောက်ကြသေးဘူး။ မိုးကြိုးကပ်ဘေးလဲ မရှိတော့တာကြောင့် အရင်ရင်တွေက မည်းမှောင်နေခဲ့တဲ့ ကောင်းကင်းကြီးကလဲ ပြန်လည်ကြည်လင်လာတယ်။

အဲ့လိုနဲ့ပဲ ကောင်းကင်လက်ဖက်ပင် ရင်ဆိုင်ရမယ့် မိုးကြိုးကပ်ဘေးကြီးက ပြီးမြောက်သွားကာ မိုးကြိုးကပ်ဘေးကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လူတွေအားလုံးက ထိုအကြောင်းကို ဖွဲ့နွဲ့ပြောဆိုနေကြတယ်။ ကောင်းကင်လက်ဖက်ပင်ကြီး ပျောက်ကွယ်သွားတဲ့ ကိစ္စကတော့ သူတို့နဲ့ မဆိုင်တာကြောင့် အရေးတယူ လုပ်မနေတော့ဘူး။

ကောင်းကင်လက်ဖက်ပင်ကို မျက်စိကျနေခဲ့တဲ့ သူတွေကတော့ ထိုအပင်နဲ့ ပတ်သတ်တဲ့ သဲလွန်စများ ရလိုရငြား လိုက်ရှာနေကြဆဲပဲ။

ကောင်းကင်လက်ဖက်ပင်ကို လက်မလျှော့နိုင်သေးတဲ့ ကျင့်ကြံသူတွေက နန်းမြို့တော်ကနေ ထွက်မသွားကြသေးတာကြောင့် မြို့ထဲမှာ လူစည်နေဆဲပင်။

နောက်၃ရက်ကြာတဲ့အထိ ရှီယု သီးသန့်လေဟာနယ်ထဲမှာ စိုက်ထားခဲ့တဲ့ ကောင်းကင်လက်ဖက်ပင်ကို ခဏခဏသွားကြည့်ပေမယ့်လဲ အပင်ပေါက်မလာသေးဘူး။

ကောင်းကင်လက်ဖက်ပင်ကို စိုက်ပြီးတဲ့ နေ့တုန်းက ပေါ်လာတဲ့ တံခါးထဲကို ဝင်သွားကြည့်လိုက်တော့ သူမ နေရာစုံကို ရောက်သွားတယ်။ တစ်ခါတစ်လေဆို ကျောင်းအနောက်က တောင်တန်းတွေဘက်ကိုရောက်သွားတတ်ပြီး တစ်ခါတစ်လေ ရတနာခန်းမ ရှေ့ကို ရောက်သွားတတ်တယ်။ သူမ လေဟာနယ်ထဲကနေ ရုတ်တရက်ကြီး ပေါ်ချလာတာကြောင့် တချို့ကျောင်းသားတွေဆို လန့်တောင်လန့်သွားကြတယ်။

ထိုတံခါးထဲကို အကြိမ်ကြိမ် ဖြတ်ကြည့်ပြီးနောက်မှာတော့ သူမ လက်ရှိ ရောက်နေတဲ့ နေရာကနေ တခြားနေရာတစ်ခုကို ရောက်သွားအောင် ပို့ပေးနိုင်တဲ့ တံခါးတစ်ခုဖြစ်ကြောင်း သိရှိသွားတယ်။ သူမ ထွက်ပြေးဖို့လိုလာရင် ထိုတံခါးပေါက်ကနေတစ်ဆင့် တခြားနေရာတစ်ခုကို ထွက်ပြေးနိုင်တာကို တွေးမိပြီး ရှီယု ကျေနပ်သွားတယ်။
(ဒီတံခါးပေါ်လာတာက ကောင်းကင်လက်ဖက်ပင်နဲ့များ သက်ဆိုင်နေမလား...?

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin