371 - 375

515 57 0
                                    

အပိုင်း၃၇၁

ဖုန်းလျိုနဲ့ရှီယု အုတ်ဂူဘေးမှာထိုင်လိုက်ကြကာ ဖုန်းလျို ရှီယုကို ကြည့်ရင်းမေးလိုက်တယ်"ဘယ်လိုဖြစ်ပြီး အခုလိုပြောင်းလဲသွားတာလဲ? ငါ မင်းကိုမှတ်တောင်မမှတ်မိဘူး"

ရှီယု သူမရဲ့မျက်နှာကိုပြန်ထိလိုက်ကာ "ဒါငါ့ရဲ့မူလမျက်နှာပဲ.." ဖုန်းလျိုရဲ့ပဟေဠိဖြစ်နေတဲ့အကြည့်ကိုမြင်တော့ ရှီယု ရှင်းပြရင်ရှုပ်ကုန်မှာစိုးတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်တယ် "ဒီနှစ်တွေအတွင်းမှာ ဘာတွေပြောင်းလဲသွားပြီလဲ?"

ဖုန်းလျို-"အခု အရှေ့အင်ပါယာရဲ့ဘုရင်က တုန်းဖန်ကျန်းမဟုတ်တော့ဘူး။သူ ဘယ်ကနေများယုံကြည်ရတဲ့ကောင်လေးတစ်ယောက်တွေ့လာလဲမသိပါဘူး အဲ့တစ်ယောက်ကိုထီးနန်းလွှဲပေးလိုက်တယ်။သူကတော့ ရွှမ်းယင်ကိုရှာဖို့ဆိုပြီး၉လောကကနေ ထွက်သွားပြီလေ။ ချီချူးယွင်လဲ၉လောကကနေ ထွက်သွားပြီ။ လင်းဖန်နဲ့ရွှမ်းယင်ကတော့ အုတ်မြစ်ချအဆင့်ကိုရောက်သွားကြပြီ။သူတို့ ခုလောက်ဆို၇လောကကိုရောက်နေလောက်ပြီ..
တော်ဝင်ကျောင်းတော်ကလဲ အခုဆိုကျောင်းအုပ်ကြီးမျှော်လင့်ထားတဲ့အတိုင်းပဲ ၉လောကက ကျင့်ကြံသူတွေအားလုံး လာပြီးသင်ယူလို့ရတဲ့နေရာဖြစ်နေပြီ။ လောင်အာကတော့ အခုထိအရင်က ကျင့်ကြံမှုအဆင့်မှာပဲရှိသေးတယ်။ ရှောင်ချီက မင်းအတွက်လက်စားချေပေးဖို့ဆိုပြီး ၈လောကကိုထွက်သွားပြီ။ အကြီးအကဲဟွမ်က ဟွမ်းထိုင်အိမ်တော်နဲ့အဆက်သွယ်ဖြတ်လိုက်ပေမယ့် ဟွမ်းထိုင်အိမ်တော်ကတော့အခုထိ အင်အားကြီးနေဆဲပဲ။သိပ်မကြာခင် သူတို့တစ်မိသားစုလုံး ၇လောကကိုရွှေ့တော့မယ်လို့သတင်းကြားတယ်။လင်းဖန်တို့လဲ မင်းအတွက်လက်စားချေပေးဖို့ကြိုးစားနေကြပေမဲ့ အခုထိအဲ့လောက်ထိမသန်မာသေးဘူး။"

ရှီယု ထိုအကြောင်းတွေကြားလိုက်တော့ ပြုံးလိုက်မိကာ"သူတို့အားလုံးကိုကျေးဇူးတင်ရမှာပဲ ငါ ငါ့မောင်လေးရဲ့အသုဘပြီးရင် ၇လောကကိုသွားချင်တယ်။အဲ့မှာ ငါယူချင်တဲ့ပစ္စည်းတစ်ခုရှိတယ်"
ရှီယု ရှောင်လျူရဲ့အသုဘပြီးတဲ့အထိနေပြီးနောက် ထွက်သွားဖို့ပြင်ဆင်လိုက်တယ်။မသွားခင်မှာ ရှောင်လျူနဲ့ရှောင်ဝူရဲ့မျိုးဆက်တွေနေတဲ့အိမ်မှာ စွမ်းအင်စုဝေးတဲ့ အစီရင်တစ်ခု တည်ဆောက်ပေးထားခဲ့တယ်။ထိုအစီရင်နဲ့ဆို အနာဂတ်မှာ သူတို့တွေလဲ စွမ်းအင်ကျင့်ကြံလာနိုင်လောက်တယ်..

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Donde viven las historias. Descúbrelo ahora