376 - 380

539 57 0
                                    

အပိုင်း၃၇၆

ဟွမ်းထိုင်အိမ်တော်က ပြိုင်ပွဲလုပ်ဖို့မသင့်တော်တာကြောင့် လေထဲမှာပဲတိုက်ခိုက်ကြဖို့ဆုံးဖြတ်ခဲ့တယ်။

ရှီယု လေထဲမှာရပ်နေရင်း သူမနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ဟွမ်းထိုင်ချူကိုကြည့်လိုက်ကာ "နင် ၉လောကကို စ,လာတုန်းက တစ်နေ့မှာငါကနင့်အတွက်အတားဆီးတစ်ခုဖြစ်လာမယ်လို့ထင်ထားမှာမဟုတ်ဘူး"

ဟွမ်းထိုင်ချူ နှာမှုတ်လိုက်ကာ"နင် တကယ်ကံကောင်းတာပဲ ဒါပေမဲ့သိပ်ပြီးလဲဂုဏ်မောက်မနေနဲ့။ နင်က ပုံရိပ်ယောင်ဖန်ဆင်းရှင်ဖြစ်နေရင်တောင်မှပဲ ငါ့မိသားစုက သူတို့ပေါ်မှာသစ္စာမရှိတဲ့နင့်ကိုလက်ခံမှာမဟုတ်ဘူး။အိုး ဟုတ်သားပဲ နင်က အခုလျန်ကန်ဂိုဏ်းနဲ့ရင်းနှီးနေပြီဆိုတော့ ဟွမ်းထိုင်မိသားစုကို မလိုအပ်တော့ဘူးမလား?"

"အမှန်တော့ ငါက နင်အဲ့လောက်ဂုဏ်ယူနေတဲ့ နင့်မိသားစုဆီကိုပြန်လာဖို့စိတ်ကူးမရှိဘူး" ရှီယု သူမမသုံးဖြစ်တာကြာပြီဖြစ်တဲ့ဓားမြှောင်ကိုထုတ်လိုက်တယ်။အဲ့နောက် သူမ ဓားမြှောင်ကိုကိုင်ကာ ဟွမ်းထိုင်ချူဆီပြေးဝင်သွားတယ်။ဟွမ်းထိုင်ချူ သူမရဲ့ဓားရှည်နဲ့ ရှီယုနဲ့တိုက်ချက်ကိုလှမ်းကာကွယ်လိုက်စဥ်မှာပဲ ရှီယု ချက်ချင်းပဲ ဟွမ်းထိုင်ချူရဲ့နောက်ကိုပြေးသွားကာ ဟွမ်းထိုင်ချူရဲ့ခေါင်းကို တံတောင်နဲ့လက်နောက်ပြန်ထုလိုက်ပြီး ဟွမ်းထိုင်ချူ ရီဝေဝေဖြစ်နေစဥ်မှာပဲ ရှီယု ဓားမြှောင်နဲ့ ဟွမ်းထိုင်ချူရဲ့လည်မျိုကိုဖြတ်ဖို့ ချိန်ရွယ်လိုက်တယ်။

"မဖြစ်ဘူး!..."အကြီးအကဲ၉နဲ့ ဟွမ်းထိုင်သခင်ကြီးက တစ်ချိန်တည်းလှမ်းတားလိုက်တာကြောင့် ရှီယုရဲ့ဓားမြှောင်က ဟွမ်းထိုင်ချူရဲ့ပခုံးကိုပဲဖြတ်မိသွားတယ်။
တကယ်လို့ထို၂ယောက်သာ မလှုပ်ရှားခဲ့ရင် ဟွမ်းထိုင်ချူရဲ့အခြေနေက မတွေးရဲစရာပဲ

သိုင်းကွက်တစ်ကွက်! သိုင်းကွက်တစ်ကွက်တည်းနဲ့ ဟွမ်းထိုင်ချူတစ်ယောက် ဒီလိုအခြေနေဆိုးသွားတာကိုကြည့်ပြီး မြေပြင်မှာရှိနေတဲ့သူတွေမှာတံတွေးမျိုချမိသွားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now