416 - 420

452 49 0
                                    

အပိုင်း၄၁၆

"အချစ်စစ်ဆိုတာ တွေ့ရခဲတယ်"ဒီတစ်ခေါက်တော့ ဝမ်းဟန်က အထင်သေးစက်ဆုပ်ပုံမပြတော့ပေ။ "ဒါနဲ့ဝိုင်အခြေနေရောဘယ်လိုလဲ?"

ရှီယု-"ရက်နည်းနည်းတော့ထပ်စောင့်ရမယ်ထင်တယ်။ ရှင်ကထွက်သွားတော့မလို့လား?"

ဝမ်းဟန်-"အင်း မင်းရောအတူလိုက်ခဲ့ချင်လား?"

"အား..အဲ့လိုဆိုရှင့်အတွက်ဝန်ထုပ်ဝန်ပိုမဖြစ်စေဘူးလား?"ရှီယု ဝမ်းဟန်ရဲ့စကားကြောင့်စိတ်လှုပ်ရှားသွားကာပြန်မေးလိုက်တယ်။

ဝမ်းဟန် နှာခေါင်းရှုံ့လိုက်ကာ "ကိုယ့်ကိုယ်ကိုတော့သိသားပဲ"

ရှီယု-"...."
(ဒီအဘိုးကြီး ငါ့ကိုလာလှည့်စားနေတာပဲ..!)

ဝမ်းဟန်-"ငါ ၃ရက်အတွင်းထွက်သွားတော့မှာမင်းသေချာစဥ်းစားပေါ့"

....

ဟောကျိရီနောက်တစ်နေ့မှပဲ နိူးလာခဲ့တယ်။သူမ နိူးနိူးလာချငိးပဲတစ်ကိုယ်လုံးပေါ့ပါးနေပြီး ပျက်စီးနေတဲ့မရိဒျန်တွေကလဲပြန်ကောင်းလာတာကိုသတိထားမိလိုက်တာကြောင်ပျော်ရွှင်သွားကာထခုန်မိသွားတယ်။

"အဲ့လောက်တောင်ပျော်နေတာလား?မျက်လုံးလဲဖွင့်ကြည့်ပါအုံး"ရှီယု ဝမ်းဟန်ထွက်သွားမှာကြောင့်စိတ်ဓာတ်ကျနေရာကနေ ဟောကျိရီပျော်ရွှင်နေတာတွေ့ရတော့ အနည်းငယ်သက်သာသွားတယ်။ ရှီယု ဟောကျိရီရဲ့မျက်လုံးကအဝတ်ကိုဖယ်ပေးလိုက်တော့ ဟောကျိရီမှာအလင်းရောင်စူးစူးကြောင့်မျက်လုံးပြန်ပိတ်မိသွားတယ်။

ရှီယု-"မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်.....မြင်ရပြီလား?"
ဟောကျိရီရဲ့မျကိလုံးက အစိမ်းရင့်ရောင်သူငယ်အိမ်၂ထပ်နဲ့ပုံစံက ထူးခြားပြီးလှပနေတယ်။

"အား!"ဟောကျိရီသူမရှေ့ကအခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုရှင်းရှင်းလင်းလင်းတွေ့ရတော့စိတ်လှုပ်ရှားကာအာမေဋိတ်သံထွက်သွားမိတယ်။
(ငါ မျက်လုံးပြန်မြင်ရပြီ!)

ရှီယု ဟောကျိရီရဲ့ခေါင်းကိုပွတ်သပ်ပေကာအားပေးစကားပြောလိုက်တယ်။
......

နောက်တစ်နေ့မှာပဲကြောင်ဝတုတ်ကသီးသန့်လေဟာနယ်ထဲကနေထွက်လာကာ မြှုပ်ထားတဲ့ဝိုင်အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ရှီယုကို ပြောလိုက်တယ်။
ရှီယု ဝိုင်းအိုကိုသယ်ပြီးဝမ်းဟန်ကိုသွားတွေ့ချိန်မှာပဲ ကျန်းမင်းယန်ကိုလဲတွေ့လိုက်ရတယ်"စီနီယာကျန်း မတွေ့တာကြာပြီ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now