71 - 75

725 82 0
                                    

အပိုင်း-၇၁ (ဒေါင်းတောင်ပံဖြန့်ချီ)

မုန့်လီ မျက်နှာမသာမယာနဲ့ပဲ မို့ယင်ဆီကနေ ပြန်ထွက်လာခဲ့
တယ်။နောက်နေ့မှာ သူမ ရတနာခန်းမမှာ လိုအပ်နေတဲ့ ဆေးပင်တွေကို သွားဝယ်လိုက်
တယ်။ သူမ ပြန်ထွက်လာတော့ ဖုန်းလျိုနဲ့ တံခါးဝမှာ သွားဆုံကြ
တယ်။ အရင်ကဆို ဖုန်းလျိုရဲ့ ဘေးမှာ အတင်းလိုက်ရောနေကြ
နဲ့ သူတွေရှိနေပေမယ့် အခုတော့ တစ်ယောက်တစ်လေတောင် မမြင်
မိတော့ဘူး။ဘေးက လူတွေကလဲ သူ့ကိုကြည့်ရင်းနဲ့ လက်ညှိုးတထိုး
ထိုးနဲ့ တီးတိုးပြောနေကြသေး
တယ်။

အဲ့တာကို မြင်တော့ သူမ ပိုပြီး စိတ်ဓာတ်ကျသွားတယ်။
(အဲ့တော့ ဖုန်းမျိုးနွယ်က တကယ်
ပျက်စီးတော့မှာလား?)

"မုန့်လီ" သူ ချစ်တဲ့ မိန်းကလေးကို တွေ့တာနဲ့ ပျော်ရွှင်သွားကာ ဖုန်းလျို လှမ်းနှုတ်ဆက်လိုက်တယ်
"မင်း ဒီကို ဘာလာဝယ်တာလဲ? အမှတ်ရော လောက်ရဲ့လား?''

မုန့်လီ သူနဲ့ ခပ်ခွာခွာနေလိုက်ကာ "အင်း, ဝယ်ပြီးပြီ"

ဖုန်းလျိုက သူမရဲ့ အပြုအမူတွေ
ကို သတိမထားမိဘဲနဲ့ "ဒါနဲ့ မင်းပဲ နှစ်၃၀၀သက်တမ်းရှိနေတဲ့ စိတ်ဝိညာဉ်လေမြက်ကို လိုက်ရှာ
နေတာဆို။ကိုယ််မှာ အဲ့ဆေးပင်
ရှိတယ်။မင်းကို ပို့ပေးလိုက်မယ်"

နှစ်၃၀၀သက်တမ်းရှိနေတဲ့ စိတ်ဝိညာဉ်လေမြက်က ငွေတုံး သိန်းနဲ့ချီကုန်ကျတဲ့အပြင် ရှားလဲ
ရှားပါးတာကြောင့် ဝယ်ချင်တိုင်း
ဝယ်လို့မရနိုင်ဘူး။သူ သူငယ်ချင်း တစ်ယောက်ကို အကူအညီ
တောင်းပြီး ရှာထားခိုင်းလို့သာ ရခဲ့တာဖြစ်တယ်။

"ရှင့်ဆီက အလကားယူနေလို့ပဲ မဖြစ်သေးဘူးလေ။ကျမ သေချာပေါက် ပြန်ဆပ်ပါ့မယ်"

"မလိုပါဘူး။ ကိုယ်က မင်းကို လက်ဆောင်ပေးချင်လို့ပါ။ ကိုယ်
အခု သွားယူလိုက်မယ် မင်းရော လိုက်အုံးမလား?''

မုန့်လီလဲ ထိုဆေးပင်ကို လိုချင်
သွားကာ "အင်း, လိုက်ခဲ့မယ်လေ"

ရှီယု သူမရှေ့က ဝိညာဥ်ကြီးကို ခဏခဏ မြင်နေရတာတောင်မှ အသားမကျသေးဘူး။ လေထဲမှာ မျောနေတဲ့ ဝိညာဥ်ကြီးက ပြုံးပြ
နေတာကို ဘယ်လိုလုပ်ပြီး အသား
ကျနိုင်မှာလဲ?

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now