276 - 280

535 56 0
                                    

အပိုင်း၂၇၆

ဟွမ်မို ကျောင်းရဲ့ကောင်းကင်ပေါ်မှာရှိနေတဲ့ ဝဲဂယက်ကြီးကိုလက်ညှိုးထိုးပြလိုက်ကာ "ဒီအစီရင်ကို ဖန်တီးထားတဲ့လူ ဒီမှာရှိသေးလား?အဲ့တာပြောပြရင် ဒီကနေထွက်သွားမယ်"

ရှီယု သူ့ကိုသတိထားပြီးကြည့်လိုက်ကာ "ရှင် ဘာလုပ်မလို့လဲ?"

"ပညာရှင်အချင်းချင်း တွေ့ချင်လို့ပေါ့"ဟွမ်မို ရှီယုကသူ့ကိုသံယအကြည့်တွေနဲ့ကြည့်နေတာကိုမြင်ရတော့ နာကျင်သွားသလိုပုံဖမ်းလိုက်ကာ "မင်းရဲ့မျက်နှာထားကြီးကဘာကြီးလဲ? ငါက ဒီလောက်ကြည့်ကောင်းတာကိုဘယ်လိုလုပ်လူဆိုးဖြစ်နိုင်မှာလဲ?!"

ရှီယု-"...."
သူမ ဒီလူကိုအခုမှပြန်တွေ့တာ ဟိုနေ့ကသူ့ရဲ့အပြုမူတွေကိုပြန်တွေးကြည့်ရင် သူ့ရဲ့ကျင့်ကြံမှုအဆင့်က သူမထက်ပိုမြင့်မှာသေချာတယ်။ တကယ်လို့သူသာ မကောင်းတဲ့အကြံစည်တွေရှိနေခဲ့မယ်ဆိုရင် သူမလဲ ခုလိုမျိုးကောင်းကောင်းမွန်မွန်ရပ်နေနိုင်မှာမဟုတ်ဘူး။
ရှီယု-"ဒီအစီရင်ကိုဖန်တီးထားတဲ့သူက ဒီမှာမရှိတော့ဘူး"

"အဲ့လိုလား..."ဟွမ်မို လက်ချောင်းကိုလှုပ်ရှားလိုက်တော့ ရှီယု ပြန်လှုပ်ရှားလို့ရသွားတယ်။ "ငါ ကတိပေးတဲ့အတိုင်းလွှတ်ပေးပြီးပြီ" သူပြောပြီးတာနဲ့ ထွက်သွားတော့တယ်။

ရှီယု သူပြန်သွားတာကိုစောင့်ကြည့်ပြီးမှ ကျောင်းထဲပြန်ဝင်ပြီးခဏစောင့်လိုက်ကာ ထိုလူထွက်သွားတာနဲ့ဆန့်ကျင်ဘက်ကိုသွားလိုက်တယ်။

သူမမှာ ဒီညလုပ်စရာတွေရှိသေးတယ် အဲလူကြောင့်နဲ့တော့ သူမရဲ့ရည်ရွယ်ချက်ကိုပြောင်းစရာမလိုဘူး။

ရှီယု ဆေးဥယျာဥ်နားရောက်တော့ မှော်နွယ်ပင်ကိုလွှတ်ပေးလိုက်ကာ မှော်နွယ်ပင်အစာဝပြီးပြန်ရောက်လာတဲ့အထိ အပြင်မှာစောင့်နေလိုက်တယ်။

မီးဝိညာဥ်ကိုကြောက်လို့လားတော့မသိ မှော်နွယ်ပင်က တော်တော်လေးနာခံလာတယ်။ တစ်ခါတစ်လေလှုပ်ရှားမှုသေးသေးလေးတော့ရှိပေမဲ့လဲ သူမ မမြင်ချင်ယောင်ဆောင်ထားလိုက်တယ်။

အိမ်၃အိမ်ကိုဝင်ပြီးနောက် ဒီညရဲ့နောက်ဆုံးပစ်မှတ်ရဲ့အိမ်ကိုရောက်လာခဲ့တယ်။ ရှီယု မှော်နွယ်ပင်ကိုဆေးဥယျာဥ်ထဲပို့နေပြီးနောက် အပြင်မှာစောင့်နေလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now