366 - 370

456 53 1
                                    

အပိုင်း၃၆၆

ရှီယု ပိုင်လုကျောင်းတော်ကိုပြန်ရောက်လာပြီးနောက် ချန်းယန်ချူနဲ့ ဒုကျောင်းအုပ်ကြီးက သူမကိုလာတွေ့ကြတယ်။
ဒုကျောင်းအုပ်ကြီးက ရှီယုအဆင့်ချိုးဖောက်ပြီးတာကိုမြင်တာနဲ့ ပြုံးလိုက်ကာ "ဂုဏ်ယူပါတယ် ဒါနဲ့လင်းဖန်နဲ့ဖုန်းလျိုလို့ခေါ်တဲ့ မင်းရဲ့သူငယ်ချင်းတွေလာရှာသွားတယ်။သူတို့တွေက မင်းအတွက်စာတစ်စောင်ထားခဲ့တယ်။အခုတော့ ဆေးဂိုဏ်းက စုဖန်းယင်နဲ့အတူ ကောင်းကင်အိမ်ယာကိုရှာဖို့ထွက်သွားကြပြီ"

ရှီယု စာကိုဖွင့်ဖတ်ကြည့်လိုက်တော့ လင်းဖန်နဲ့ဖုန်းလျိုတို့တွေ ကောင်းကင်အိမ်ယာကို ရှာဖို့ထွက်သွားကြပြီဆိုတဲ့အကြောင်းပင်။ ရှီယု ဒုကျောင်းအုပ်ကြီးကိုနှုတ်ဆက်ပြီးနောက် ၉လောကကိုပြန်သွားဖို့ပြင်လိုက်တယ်။

ရှီယု ၉လောကကိုသွားမယ်နေရာရွှေ့ပြောင်းအစီရင်ကိုသူံးဖို့အတွက် ဝိညာဥ်ကျောက်တုံး၁သောင်းပေးပြီးနောက် အစီရင်ထဲဝင်လာလိုက်တယ်။ ရှီယု ထျန်းရွှမ်အင်ပါယာကိုပြန်ရောက်တာနဲ့ တော်ဝင်ဆရာကိုသွားရှာလိုက်ပြီးနောက် ဇိထျန်းနွယ်ပင်ကိုပြန်ပေးလိုက်ကာ "ကျမရဲ့တာဝန်ပြီးပြီဆိုတော့ ရှင်ပြောတဲ့ကောင်းကင်အိမ်ယာရဲ့တည်နေရာကိုပြောတော့"

တော်ဝင်ဆရာမူဂျင်း-"ကောင်းကင်အိမ်ယာက ၈လောကက တုန်ကျိုးမြို့တော်က ထန်းယွဲ့တောင်ပေါ်မှာရှိတယ်"

ရှီယု-"..."
(ဖုန်းလျိုတို့သွားတာလဲ အဲ့နေရာပဲမဟုတ်ဘူးလား?ဘယ်လိုတောင်တိုက်ဆိုင်လွန်းတာလဲ?!)

မူဂျင်းက ရှီယုထိုနေရာကိုသွားမယ်ဆိုတာသိနေတာကြောင့် "မင်း အဲ့နေရာကိုသွားရင် ငါလဲအဖော်လိုက်ခဲ့ပေးမယ်။တစ်ပတ်လောက်နေရင် ငါ့ရဲ့ခန္ဓာကိုယ်လဲပကတိအတိုင်းပြန်ဖြစ်တော့မှာ အဲ့ကျရင်အတူတူသွားရအောင်"

ရှီယု-"ကောင်းပြီလေ!"
သူမ ဒီကနေထွက်သွားတော့မှာဖြစ်ကာ ဘယ်အချိန်မှပြန်လာနိုင်မလဲမသေချာတာကြောင့် အဘိုးတို့ကိုသွားနှုတ်ဆက်ဖို့ဆုံးဖြတ်လိုက်တယ်။

ရှီယု အိမ်ပြန်ရောက်သွားချိန်မှာတော့ ရှောင်ဝူနဲ့ရှောင်လျူဆီပြေးလာကြကာ "မမ ပြန်လာပြီလား?ဒီတစ်ခါရောအိမ်မှာအကြာကြီးနေမှာလား?"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now