256 - 260

589 55 0
                                    

အပိုင်း၂၅၆

နန်းမြို့တော်က ကြီးလွန်းတာကြောင့် ဟွမ်းထိုင်ချူရဲ့ရောက်ရှိလာမှုက ရှီယုအပေါ်မှာဘာသက်ရောက်မှုမှမရှိပေ။ ပြောရရင် ဝါးအိမ်လေးကပိုပြီးဟာတာတာဖြစ်လာတာက သူမပေါ်မှာပိုပြီးအကျိုးသက်ရောက်နေတယ်။

အခုဆို သူမတို့ အဖွဲ့ကလွဲရင် ရှောင်ချီတစ်ယောက်ပဲ အိမ်မှာကျန်တော့တယ်။ ရှောင်ချီကို အကြီးအကဲလျူက ကာကွယ်ပေးနေတာဖြစ်လို့ ရှီယုအတွက် အနည်းငယ်အထီးကျန်ရုံကလွဲလို့ ရှောင်ချီအတွက်သိပ်ပြီးစိတ်ပူစရာမလိုတော့ဘူး။

ဒါပေမဲ့ လူတိုင်းမှာသွားရမယ့်လမ်းကိုယ်စီရှိနေတာကြောင့် ရှောင်ချီလဲအတူတူပင်။

သူမလဲ အဲ့အမှန်တရားကိုအခုမှနားလည်သွားတာဖြစ်လို့ ကျင့်ကြံမှုနှုန်းကို၂ဆတိုးလိုက်တယ်။ တော်ဝင်ကျောင်းတော်က လူတိုင်းအတွက်စ,မှတ်တစ်ခုဖြစ်ရုံပဲ ခရီးဆုံးမဟုတ်သေးပေ။ အားလုံးထွက်သွားကြပြီဆိုတော့ နောက်တစ်ခါသူမအလှည့်ပင်။

အခုသာကြိုးစားထားရင် နောက်ပိုင်းအသက်ကယ်ရာမှာနည်းနည်းပါးပါးအကူအညီဖြစ်လာမှာပဲ...

ဒီနွေလယ်ကြီးမှာပဲ တချို့သူတွေကရောက်လာကြပြီး တချို့သူတွေကထွက်သွားကြတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာမျှော်လင့်ချက်ကိုယ်စီရှိနေကြပြီးသားပင်။

ရက်ပိုင်းလောက် မြို့တော်မှာနေပြင်းပြင်းပူနေပြီးနောက် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းလာတယ်။ မိုးစက်တွေက ပဲစေ့အရွယ်လောက်ရှိတာကြောင့် သစ်ရွက်တွေပါကြွေကုန်ကြတယ်။

ခဏအကြာမှာတော့ တစ်မြို့လုံးကိုမြူတွေဖုံးလွှမ်းသွားတယ်။ ရှီယု တောင်ထိပ်မှာရပ်နေရင်း သူမရဲ့ရှေ့ကမြို့ကြီးတစ်မြို့လုံးမြူတွေဖုံးကာ မိုးသည်းထန်းစွာရွာသွန်းနေတာကို ကြည့်နေလိုက်တယ်။ မည်းမှောင်နေတဲ့ကောင်းကင်ကြီးနဲ့ မိုးတွေသည်းထန်းစွာရွာသွန်းနေတဲ့ မြို့တော်ကြီးက အရင်ကနဲ့ကွာခြားလွန်းနေတယ်။

"မင်း ဘာတွေကြည့်နေတာလဲ?" ချင်းချန် တစ်ယောက်ထီးကိုင်ရင်းနဲ့ နောက်ကနေ ပေါ်လာတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Donde viven las historias. Descúbrelo ahora