Part(11)Uni/Zaw

16.5K 759 100
                                    

Unicode

ဖြောင်း!

" 'ဇမ်းသုတ'! မင်းဘာအချိုးချိုးတာလည်း!! "

'သုတ' အရိုက်ခံလိုက်ရသည့် ပါးလေးကို ကိုင်ကာ
ဆိုဖာခုံမှာ ဝင်ထိုင်ရင်း ဖုန်းထုတ်ကြည့်လိုက်တော့ 'ခမ်း' ကအသံဖိုင်ပို့ထားသဖြင့်
အသံအဆုံးထိချဲ့ကာ ဖွင့်နားထောင်လိုက်သည်။

' အိမ်ပြန်ရောက်ရင် အကြောင်းကြားဦးနော်
ကျွန်တော့်အသက်လေး ယောက္ခမကြီးက
ဆူနေသေးလား တစ်ခုခုဆို ကျွန်တော့်ကိုသာ
လှမ်းပြောနော် ကျွန်တော်ချက်ချင်းလာခိုးမယ်
ဟီး..ဟီး.. '

" 'ဇမ်းသုတ'!! "

" သားသူ့ကိုချစ်တယ် မေမေ "

" မချစ်ရဘူး မေမေ သဘောမတူဘူး
ပြန်ပြောလိုက် မင်းလက်မခံနိုင်ဘူးဆိုတာ "

" ..... "

'သုတ' ကအဖြေမပေးလာတော့ 'ဒေါ်သုစန္ဒာ' 'သုတ' နှင့် မျက်နှာချင်းဆိုင်ဆိုဖာခုံမှာ ဝင်ထိုင်လိုက်ကာ

" ပြောပါဦး မင်းကောင်လေးမိဘတွေက
ဘယ်သူတွေလည်း ဘာအလုပ်လုပ်လည်း "

'သုတ' ငြိမ်နေမိသည်။ 'ခမ်း' ကအနုပညာလောကထဲတွင် သူ့မိဘနှင့်ပက်သက်သည့် အကြောင်းအရာတို့အား ထုတ်ပြထားခြင်းမရှိ၊ 'သုတ' ကိုယ်တိုင်လည်း 'ခမ်း' ၏မိဘတွေကိုမသိ၊ အဖေနှစ်ယောက်ရှိတာ တစ်ခုတည်းသာလျှင် သူသိသည်။ အထက်တန်းကျောင်း တစ်ကျောင်းတည်း တူတူတက်ခဲ့ဖူးသော်ငြား မိဘအစည်းအဝေးဆိုလျှင် 'ခမ်း' နှင့် 'လွမ်း' အတွက်ပါ 'မြူငယ်' ၏မိဘတွေ ဦးလေးတွေက ပေါင်းတက်ပေးတာဖြစ်သည်။

တော်ရုံနောက်ခံမဟုတ်မှန်းတော့ 'သုတ' ရိပ်မိပါသည်။ 'ခမ်း' ၏နေအိမ်၊ 'ခမ်း' ၏အဝတ်အထည်အသုံးအဆောင်နှင့် Black Card ကိုင်သည့်အပြင် နောက်မှာအမြဲလိုက်နေကြသည့် Bodyguardများ

သို့ပေမယ့် ထိုအကြောင်းအရာတို့အား 'သုတ' စိတ်မဝင်စားပေ၊ မေးလည်းမမေးဖြစ်၊
ကိုယ်က သူ့ကိုချစ်တာလေ သူဖြစ်နေဖို့ပဲ
လိုတယ်၊

" သား မသိဘူး စိတ်လည်းမဝင်စားဘူး "

" မင်းစိတ်မဝင်စားပေမယ့် မေမေကတော့
စိတ်ဝင်စားတယ် ထားပါတော့
မနက်ကျောင်းဖွင့်တယ်မလား သွားနားတော့ "

You're My Beloved ( COMPLETE )Where stories live. Discover now