"ငါတော့ ကင်ထယ်ဟီးကို သဘောကျတယ်ကွာ"
"ငါကတော့ စန်ဒရာပတ်မှ စန်ဒရာပတ်ပဲ သူကပိုလှတာကွ"
"ကင်ထယ်ဟီးရဲ့ အပြုံးကမှ ချစ်စရာကောင်းတာ "
အိုဆယ်ဟွန်းသူ့ရှေ့ခပ်လှမ်းလှမ်းလောက်က ကြားနေရသည့် စကားသံများကြောင့်ပြုံးလိုက်မိသည်။ သူ့လိုပင်ပထမနှစ်ကျောင်းသား များဖြစ်လိမ့်မည်။ လွတ်လွတ်လပ်လပ်ငြင်းခုံနေခြင်းတွေက လွတ်လပ်သောလူငယ်ဘဝကို ပြသနေသလိုပင် ….။ သူလဲ ပထမနှစ်ကျောင်းသား ဆိုပေမဲ့ လွတ်လပ်မှုကိုတော့မခံစားခဲ့ရပါ ။ သူ့မေမေ၏ တင်းကျပ်မှုများကြား စာမှစာဖြစ်ခဲ့ရပြီး သူ့ဘဝတလျှောက်လုံး သူငယ်ချင်းဆို၍ တစ်ယောက်သာရှိခဲ့ရသည်။
" ဟေ့ကောင် မင်းကော အမဲကောင်"
" ဘာအမဲကောင်လဲ သေချင်လို့လား မင်းတို့ပြောတဲ့သူတွေ တယောက်မှမကြိုက်ဘူး "
ချစ်စရာကောင်းသည့်အသံလှိုင်းလေး တခုဖြတါသန်းသွားသလိုပင် ဆယ်ဟွန်းထိုအသံပိုင်ရှင်ကို ရုတ်တရက်လှမ်းကြည့်မိလိုက်တော့ နောက်ကျောပေးထားသည့်ကျောပြင်ကြောင့် မျက်နှာကိုတော့မမြင်ခဲ့ရပါ။ နောက်ကျောပြင်လေးကတော့ပိန်ပိန်ပါးပါးနှင့် တစွန်းတစ မြင်နေရသော လည်ပင်းသားများက ခပ်ညိုညိုဖြစ်သည်။ ဒါကြောင့်ပင် သူ့သူငယ်ချင်းများက အမဲကောင်ဟု လိုက်စ ဟန် တူသည်။
ထိုစဉ် သူတို့ဆက်ပြောသောစကားများ…
" မင်းက ဆူယွန်းကိုပဲ မြင်နေတာမလား"
သူ့သူငယ်ချင်း၏ မေးသံအဆုံး ထိုအသံပိုင်ရှင်သည် တချက် ရယ်သွမ်းသွေးကာ အင်း ဟု ခပ်တိုးတိုးဆိုလေသည်။
ဆယ်ဟွန်း ရင်ထဲလှိုင်းတခု ဖြတ်သန်းသွားသလိုခံစားလိုက်ရသည်။ ချစ်စရာကောင်းသည့်အသံလေးဖြင့် စစတွေ့ချင်းမှာပင်
သူ စိတ်အာရုံကိုလွှမ်းမိုးသွားပါသော ထိုသူသည် ပိုင်ဆိုင်သူ ဒါမှမဟုတ် သဘောကျသူ ရှိပြီးသား ဖြစ်နေလိမ့်မည်။ဝမ်းနည်းဖို့ကောင်းသွားသော ပတ်ဝန်းကျင်သည် သူ့ကိုသက်ပြင်းသာ ချစေတော့သည်။ မျက်စိရှေ့က ကျောပြင်လေးကို မျက်စိတဆုံးလိုက်ကြည့်ရင်း ထိုအသံပိုင်ရှင်၏ မျက်နှာလေးကို တခါလောက်တော့မြင်ဖူးချင်ခဲ့ပါသည်။
YOU ARE READING
My person (Completed) (z+u)
Romanceတခုခုကိုတွေးမိတိုင်း မင်းပြီးမှ ငါလာတဲ့ဦးစားပေးမှုတွေပါပဲ...။ sekai fanfic