Part-9(z+u)

27 6 0
                                    

                             part-9

ဒုတိယနှစ်ရဲ့အစက ထင်သလောက်တော့ပျော်စရာမကောင်းခဲ့ပေ…။စာတွေကြားမှာ ရုန်းကန်နေရ ရင်း တစ်စုံတစ်ယောက်ကိုသဘောကျနေရ ရင်းပေါ့ …။ ဒါေပမဲ႕ ဆယ်ဟွန်းရဲ့ အချစ်ကိုတစ်စုံတစ်ယောက်က ငြင်းပယ်မြဲဖြစ်လေသည်။

" ဆယ်ဟွန်း ခဏလာဦး"

ဆရာ့အချိန်မို့    ဆရာသင်ပေးနေတဲ့စာတွေကိုပြန်ကြည့်နေကျရင်း  ခေါ်လိုက်တဲ့ ဆရာဖြစ်သူကြောင့် တစ်တန်းလုံးငြိမ်သက်သွားလေသည်။

နောက်ဆုံးအတန်းမှာထိုင်နေတဲ့ဆယ်ဟွန်း မတ်တပ် ရပ်ကာ နေရာမှထရင်း ဆရာ့စားပွဲရှေ့မှာရပ်လိုက်သည်

" ဒီ စာအုပ်တွေအကုန် အမျိုးအစားခွဲပြီးရင် နားနေခန်းထဲက ဗီရိုထဲမှာသွားထားပေးပါ သော့ ဆရာပေးလိုက်မယ် အကူလိုရင် ကင်မင်ရှင်းကို ခေါ်သွားပါ"

"ဟုတ်ကဲ့ပါ မင်ရှင်း သွားရအောင်"

မင်ရှင်း က သူတို့အခန်းရဲ့ အလှဘုရင်မလို့ပြောလို့ရပြီး စာလဲတော်သည်။ လစဉ်အမှတ်ထွက်တိုင်း မင်ရှင်းနဲ့ဆယ်ဟွန်းက အမှတ်အများဆုံးဖြစ်သည်။ခင်ဖို့ကောင်းသည်မို့ဆယ်ဟွန်းနဲ့လဲခင်မင်ပါသည် ။ စာအုပ်တွေကို တစ်ယောက်တစ်ဝက်စီခွဲသယ်ကာ နားနေခန်းရှိရာ ဒုတိယအဆောင်သို့တက်လာခဲ့ကြသည်။

နားနေခန်းဆီမရောက်ခင် ဂီတအခန်းကို ဖြတ်ရသေးသည်။ ဂီတအခန်းအနားအရောက် အသံတွေကြားသည်မို့ကြည့်လိုက်တော့ ဂီတမေဂျာကျောင်းသားများ လက်တွေ့သင်ကြားရေးအချိန်ဖြစ်ဟန်တူသည်။

အကုန်လုံး နေရာအသီးသီးယူကာ လေ့ကျင့်နေကျလေသည်။ ဂျုံအင့်ကိုဝေ့ဝဲကာ ရှာကြည့်မိတော့  စန္ဒရားခုံ မှာထိုင်ကာ စန္ဒရားခလုတ်တွေညှိနေသော ဂျုံအင့်ကိုတွေ့ရလေသည်။

ဘေးနားမှာလဲ မင်ဆော့နဲ့ဘတ်ဟျွန်းက ရပ်ကာ စကားတွေပြောနေရင်း ရယ်မောနေကျလေသည်။

ဂျုံအင့်ကိုငေးကြည့်နေမိတာ အချိန်ခဏ…။

"ဆယ်ဟွန်းနား သွားရအောင်လေ"

ဘေးနားက မင်ရှင်းကပြုံးကာ ခေါ်မှ သူဂျုံအင့်ကိုကြည့်နေရာမှမျက်နှာ လွှဲလိုက်မိသည်။ မင်ရှင်းက သူရပ်နေလို့လိုက်ရပ်ပေးထားပုံရလေသည်။

My person (Completed) (z+u)Where stories live. Discover now