part-3(z+u)

32 5 3
                                    

                          part-3

ကျောင်းပိတ်ရက်တွေမှာ ခဏလေးတောင်မနားရပဲ စာပဲလုပ်နေရသည့်သူအဖြစ်က တကယ့်ကို ငြီးငွေ့စရာ

"ဆယ်ဟွန်းနီး စာလုပ်နေတာလား"

"ဟုတ်တယ်မား "

ဆယ်ဟွန်း အခန်းရှေ့မှာရပ်ကာ လာမေးတဲ့အမေဖြစ်သူကြောင့် သက်ပြင်းကိုဖွဖွချလိုက်မိသည်။ အထက်တန်းကျောင်းသားလဲမဟုတ်တော့ပဲ စာမေးပွဲရှိတိုင်းစာကို အရမ်းလုပ်ခိုင်းတတ်တဲ့မားရဲ့ အကျင့်ကို နေသားကျနေပြီဆိုပေမဲ့ တခါတလေတော့လဲ စိတ်ညစ်မိသည်။

သူအမြဲတမ်း စာပဲလုပ်မနေချင်ပါ အခြားလူငယ်တွေပျော်သလိုပျော်ချင်ကာ အခြားလူငယ်တွေလုပ်သလို လုပ်ကြည့်ချင်သည်။ စကားတွေဝိုင်းဖွဲ့ကာပြောချင်သည်။ သီချင်းတွေဝိုင်းဖွဲ့ကာ ဆိုချင်သည်။ ဒါပေမဲ့အဲ့ဒီအရာတွေကိုအခုချိန်ထိ တစ်ခါလေးမှ မလုပ်ဖူးသေး…။ စက်ရုပ်တစ်ရုပ်လို ရှင်သန်နေရတာ စိတ်ပျက်မိသည်။

"တီ"

ဖုန်းမက်ဆေ့ချ်မြည်သံကြောင့် ဖုန်းကိုလှမ်းကြည့်မိတော့ ချန်းယောဆီကစာ …။ ဖွင့်ကြည့်ကာ ဖတ်မိတော့ ဘတ်ဟျွန်းတို့နဲ့  ရုပ်ရှင်ကြည့်ရန်ချိန်းထားသောကြောင့် ဂျုံအင်လဲပါသဖြင့် လာချင်ရင်လာခဲ့ပါရန် ပြောထားသောစာဖြစ်သည်။

အရင်တစ်ခါ ဂျုံအင်နှင့် ဆုံပြီးထဲက သူဂျုံအင့်ကို သဘောကျနေကြောင်းကိုချန်းယောအား ဖွင့်ပြောပြထားသဖြင့် ချန်းယောက သူ့ကို ကူညီပေးနေကြောင်း နားလည်လိုက်သည်။

သူ ချန်းယော၏ ဖုန်းကို နှိပ်ကာ ခေါ်ဆိုလိုက်သည်။

" ဆယ်ဟွန်း လာခဲ့မှာလား"

"လာချင်တာပေါ့ ဒါပေမဲ့ မားက စာပဲလုပ်ခိုင်းနေတာ"

"အာ မင်း မားကလဲ စာမေးပွဲက နှစ်ပါတ်လောက်လိုသေးတာကို "

"အေးကွာ မားအကြောင်းလဲမင်းသိသားပဲ စာမှစာပဲ ငါစိတ်ညစ်နေတယ်"

" ဒီလိုလုပ်လေ ကျောင်းကဆရာဆီမှာ စာမေးပွဲအတွက်အရေးကြီးတာတွေမေးချင်လို့ပါပြောပြီး ငါလာခေါ်လိုက်မယ် "

My person (Completed) (z+u)Where stories live. Discover now