part-2(z+u)

36 6 0
                                    

" ဟို ကျတော်ပြောတာ ကြားရဲ့လားဗျာ့"

ဂျုံအင်ကို ကြည့်ကာ ငုတ်တုတ်ကြီး မေ့နေသော လူအား ဂျုံအင် လက်လေး ထောင်ပြရင်း မေးလိုက်မိသည်။ လူကိုစိုက်ကြည့်နေတာ ဂျုံအင်တောင် ကြက်သီးထလာရလေသည်။

ထိုအခါ မှ ဆယ်ဟွန်းလဲ ငေးကြည့်နေမိရာမှ  သတိပြန်ဝင်လာရလေသည်။

"အာဟုတ်ကဲ့ ကျတော်က ချန်းယောနဲ့အဖေ်ာလိုက်ပေးလာတာပါ"

ဆယ်ဟွန်း ဂျုံအင်ကို ပြုံးပြလိုက်ပြီး ဘေးနားက ချန်းယောကိုပါ ညွှန်ပြကာ သက်သေထူလိုက်သည်။ သူတို့ပြောတာကိုကြားသွားပုံရသော ချန်းယောက အတန်းထဲ ငေးကြည့်နေရာမှ ဆယ်ဟွန်းတို့ရှိရာဘက် ပြန်ကြည့်လာပြီး  မိတ်ဆက်လေသည်။

"ကျတော့်နာမည်က ပတ်ချန်းယောပါခင်ဗျ ကျတော်နဲ့ဆယ်ဟွန်းက သမိုင်းမေဂျာကပါဗျ ဒီအခန်းက ဘတ်ဟျွန်းကိုပေးချင်တာလေး ရှိလို့ပါ"

ချန်းယောက ပြောရင်း လက်ထဲကစာအိတ်လေးကို ထောင်ပြလိုက်ကာမှ ထိုအညိုလုံးလေးက နားလည်သွားသလို အာ  ဆိုပြီး ရေရွတ်လိုက်လေသည်။

"ခဏနော် ကျတော် ဘတ်ဟျွန်းကို ခေါ်ပေးမယ်"

ပြောလဲပြော အတန်းထဲကိုပြန်ဝင်သွားသော အညိုလုံးလေးကို လိုက်ကြည့်ရင်း ဆယ်ဟွန်းထပ်ပြုံးမိပြန်သည်။
အရာရာက မြတ်နိုးချင်စရာကောင်းနေတော့တာပဲ

ခဏအကြာ အညိုလုံးလေးနဲ့ ဖြူဖြူသေးသေးကောင်လေးတယောက်တို့ပြန်ထွက်လာကြလေသည်။

"ဂျုံအင်ကလဲ မယူချင်ပါဘူးဆို"

"လာစမ်းပါ"

ဂျုံအင် အညိုလုံးနာမည်က ဂျုံအင်တဲ့လား …။ ချစ်စရာကောင်းတာပဲ နာမည်လေးက

ချန်းယောက သူ့ရှေ့ရောက်လာသော ဘတ်ဟျွန်းအား နူးနူးညံ့ညံ့ပြုံးပြကာ  လက်ထဲကစာအိတ်ကို လှမ်းပေးလိုက်လေသည်။ ထိုအခါ ဘတ်ဟျွန်းမှ စိတ်ရှုပ်သလို အမူအရာနှင့် စာအိတ်လေးကို ဆွဲယူသွားပြီး

"ဒါပဲမလား ရပြီ သွားတော့"

ချန်းယောကို ပြောကာ အတန်းထဲ ပြန်ဝင်သွားလေသည်။ ဘတ်ဟျွန်းဝင်သွားပြီဖြစ်သဖြင့် ခေါ်လာပေးသော ဂျုံအင် ကလဲ သူ့သူငယ်ချင်း တွေရှိရာဆီ သွားမည်အပြု  ဂျုံအင် ကိုငေးကြည့်နေသော ဆယ်ဟွန်းမှ  ဂျုံအင့် လက်ကို လှမ်းဆွဲထားလိုက်မိလေသည်။ရုတ်တရက် မို့ဂျုံအင်လဲ အံ့သြသွားရကာ ဆယ်ဟွန်းကိုကြောင်ကြည့်နေမိလေသည်။ ချန်းယောကလဲ နားမလည်သလိုအကြည့်နှင့် ဆယ်ဟွန်းကို လှမ်းကြည့်သည်။ ထိုအခါမှ ဆယ်ဟွန်းလဲ သူဘာလို့လက်ကိုသွားဆွဲမိတာလဲ ဆိုတာကို ပြန်စဉ်းစားနေရလေသည်။ ဆွဲမိပြီးမှတော့ တခုခုတော့ပြောမှဖြစ်မည်။ နံဘေးမှချန်းယောမှလဲ သူတို့အဖြစ်အား ကြည့်နေဆဲ…

My person (Completed) (z+u)Where stories live. Discover now