Part-16
"ကိုကို"
သူသဘောကျရသည့်အသံလေးကြောင့် လှည့်ကြည့်လိုက်တော့ ဂျုံအင်က သူ့ဆီဖြည်းဖြည်းချင်းလျှောက်လာနေသည်။
" ကိုကို မနက်စာစားလာခဲ့လား"
"အင်း"
"အော် ပြောစရာရှိတယ်ကိုကို ဒီနေ့ လဲလေ ငါတို့အတူပြန်လို့မရလောက်ဘူး အဲ့ဒါ ဘယ်လိုမှသဘောမထားပါနဲ့နော် "
ဆယ်ဟွန်း ပြောမည့်စကားများကို ပြန်ပြီး ရုတ်သိမ်းလိုက်မိသည်။ ဒါပေမဲ့အနည်းဆုံးတော့သူချစ်ရသူဆီက မွေးနေ့ဆုတောင်းလိုချင်မိသည်။ ဂျုံအင်က အခုထိပြောလာသေးပါ
" ဂျုံအင်"
"အွန်း"
"ဒီနေ့ ဘာနေ့လဲ သိလား"
"ဒီနေ့လား ဒီနေ့က အဂါၤနေ့လေ"
ဂျုံအင်ကိုကြည့်ရတာ လုံးဝမမှတ်မိပုံပါပဲ။ မျက်စိရှေ့ရှိ ဘောလုံးကွင်းထဲတွင် ကစားနေသော သူများကိုဆယ်ဟွန်း လှမ်းကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်ရသည်။
"ဒီနေ့က ကျတော့်မွေးနေ့လေ "
" အာ ငါ ငါမမှတ်မိဘူး"
အားနာသလို ငေးကြည့်လာသည့်မျက်ဝန်းများနဲ့အတူ အားနာသည့်အငွေ့အသက်များ လွှမ်းနေသည့်စကားကြောင့် ဆယ်ဟွန်း ပြုံးပြကာ ခေါင်းယမ်းပြလိုက်သည်။
"ရပါတယ် ဒါတွေကဖြစ်တတ်ပါတယ် "
"မဟုတ်တာ ငါက မေ့နေတာလေ တကယ်တောင်းပန်ပါတယါငါဒီတလော အလုပ်ရှုပ်နေတာနဲ့"
မနက်က မြင်သည့် ပိုစ့်အကြောင်းကို မျက်လုံးထဲပြန်မြင်လာရင်း စိတ်ထဲက မေးချင်နေမိသည်။ ဒါပေမဲ့ သူမပြောရက်ပါ
" ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ကိုကို ငါ့ကိုအများကြီးပိုချစ်နိုင်ပါစေ "
ဘာလို့လဲမသိ သူ့စိတ်ထဲ ပျော်တယ် မခံစားရပါ …။
"မနက်ဖြန် ငါအားတယ်သိလား ဒီနေ့တော့မရပေမဲ့ မနက်ဖြန်ငါတိူ့အပြင်ထွက်လို့ရတယ်"
"အဲ့ဒါဆိုကျတော် လာခေါ်ပါ့မယ်"
အားနာ၍ လိုက်လျောခြင်းတွေလား အားနာ၍ဖြည့်ဆည်းပေးခြင်းတွေများလား ဒါတွေကိုအတွေးရောက်လာတိုင်း ဂျုံအင်က သူ့ကိုမချစ်ဘူးဆိုသည့်ခံစားချက်က နှလုံးသားကို လာရောက်ရိုက်ခက်လေသည်။
YOU ARE READING
My person (Completed) (z+u)
Romanceတခုခုကိုတွေးမိတိုင်း မင်းပြီးမှ ငါလာတဲ့ဦးစားပေးမှုတွေပါပဲ...။ sekai fanfic