Part-7 (z+u)

39 6 2
                                    

                               part-7

"ဆယ်ဟွန်းလေးက သိပ်လိမ္မာတာပဲနော်"

"ဟုတ်တယ် သားက အခုချိန်ထိ ကျွန်မစကားတစ်ခွန်းဆို တစ်ခွန်းပဲလေ ကျွန်မစကားဆို အမြဲနားထောင်တယ်"

မားစီးပွားရေးပါတနာတစ်ယောက်ရဲ့ ဧည့်ခံပွဲကို ဆယ်ဟွန်းပါအတူ လိုက်လာရလေသည်။
မားနဲ့ မားရဲ့ မိတ်ဆွေတို့ပြောနေကျတဲ့စကားတွေကို နားထောင်ရင်း ဆယ်ဟွန်းမချိပြုံးလေး ပြုံးလိုက်မိသည်။
အမြဲလိမ္မာနေတဲ့သူတစ်ယောက်ဖြစ်ရတာ ဘာကောင်းလို့လဲ…။ ဘာကိုမှ မလွန်ဆန်နိုင်ပဲ တဖြည်းဖြည်းနဲ့ သူ့လွတ်လပ်ခွင့်တွေဆုံးရှုံးလာခဲ့တာပဲရှိတာ

"ဆယ်ဟွန်း"

ခေါ်သံကြားရာဆီ လှည့်ကြည့်မိတော့ သူ့စိတ်ကို ပျော်သွားစေနိုင်သည့် သူ့ရဲ့ တစ်ဦးတည်းသော ပျော်ရွှင်မှုလေး

" ဂျုံအင် "

နှုတ်ဖျားက ခပ်တိုးတိုးရွေတ်မိလိုက်ရင်း တွေ့ချင်နေတဲ့မျက်နှာလေးကိုလှမ်းငေးရတယ်။ ကျောင်းတွေခဏပိတ်ထားတော့ သူ့မှာလွမ်းနေရတာလေ …။

မားက သူ့မိတ်ဆွေနဲ့စကားပြောနေရင်းမှ ဂျုံအင့်ခေါ်သံကြောင့်ထင်တယ်။ ဆယ်ဟွန်းဘက်ကိုလှည့်ကြည့်လာတယ်။ ပြီးတော့မှ ဂျုံအင်ကိုတချက်လှမ်းကြည့်ပြီး

"သူက ဘယ်သူလဲသား"

"သူငယ်ချင်းအသစ်ပါ ဂျုံအင်ကစာလဲတော်တယ် မား"

မားကို ညာမိတာဆိုပေမဲ့မတတ်နိုင်  သဘောကျရသူကို မားကပါအမြင်ကြည်စေချင်တာအမှန်ပဲလေ

"အော် သူငယ်ချင်းဆီသွားလိုက်ဦးလေ"

"ဟုတ်မား"

မားရဲ့ကျေနပ်အပြုံးကို မသိချင်ယောင်ဆောင်လိုက်တယ်။ ဆယ်ဟွန်းငယ်ငယ်လေးထဲက မားက စာတော်တဲ့သူတွေကိုပဲသဘောကျပြီးသူတို့နဲ့ပဲပေါင်းခိုင်းခဲ့တာ…။

ဂျုံအင့်အနားကို လျှောက်လာခဲ့မိရင်း အနားရောက်တော့ ထိုမျက်နှာလေးကို သေချာလိုက်ကြည့်ရပြန်တယ်။ အလွမ်းက ဒါတောင်မပြေချင်လိုက်တာ

" ဘာလို့လိုက်ကြည့်နေတာလဲ အိုဆယ်ဟွန်း"

"လွမ်းနေတာ အဲ"

My person (Completed) (z+u)Where stories live. Discover now