Part-18 (z+u)

34 4 2
                                    

                           Part-18

ကျကွဲသွားသည့် ဖန်ခွက်လေးတစ်ခုလို
စုတ်ပြဲသွားသည့်စာရွက်တွေလို
လေနဲ့လွင့်ပါသွားတတ်သည့် ဖုန်မှုန့်တွေလို အရာအားလုံးက ဘဝထဲက ပျောက်ကွယ်သွားသလိုပင် အချစ်သည် မျက်စိတမှိတ်အတွင်း ဒဏ်ရာများစွာ အနာတရများစွာကို သယ်ဆောင်လာခဲ့သည်။

အတူတူရယ်မောခဲ့ကြသည့် အချိန်တွေ
အတူတူ ငိုကြွေးခဲ့ကြသည့် အချိန်တွေ
ကျောင်းသွားကျောင်းပြန် သူတို့ရယ်မောပျော်ရွှင်စွာ စနောက်ရင်း ရန်ဖြစ်ရင်း နေခဲ့ကြသည့်အချိန်တွေကအတိတ်တစ်ခုမှာကျန်ခဲ့ပြီး အမှတ်တရတွေက လေဟာနယ်တစ်ခုလိုကျန်ရစ်ခဲ့သည်။

အဲ့ဒီလူ သူ့ဘဝထဲ ဝင်လာတာ လျှပ်တပြတ်လေးပါပဲ…။မြင်မြင်ချင်း သဘောကျခဲ့ရသည့် အခိုက်အတန့် အဲ့ဒီသူ့အနား မရောက်ရောက်အောင်လှမ်းခဲ့ရသည့် ခြေလှမ်းတွေ  နာကျင်ရမယ်မှန်းသိရက်နဲ့ အဲ့ဒီလူကိုမှလိုချင်ပါတယိဆိုပြီး တွယ်ကပ်ခဲ့တဲ့နေ့တွေ အဲ့ဒီလူအနားရှိနေရ ရင်ရပါပြီဆိုပြီး အားလုံးကို လျစ်လျူ ရှုခဲ့တာမျိုးတွေဟာ ဒီအချိန်မှာတော့ အဲ့ဒီသူအတွက် စိတ်ရှုပ်ခဲ့တာများလားလို့ ဆယ်ဟွန်းတွေးတတ်ခဲ့ပြီဖြစ်သည်။

နေ့စဉ်ဘဝကို အပြုံးတစ်ခုနဲ့ ကျော်ဖြတ်ရင်း သူအစစ်အမှန်မပြုံးတတ်တော့တာကို အဲ့ဒီသူသိစေချင်သည့် နေ့စွဲတွေကလဲ အဲ့ဒီသူမရှိခဲ့မသိခဲ့ပဲ လျင်လျင်မြန်မြန် ဖြတ်သန်းသွားခဲ့သည်။

" သား မနက်ဖြန်ကျ  ယွန်းဟွာ လာမယ်တဲ့"

"ဟုတ်ကဲ့မား "

"သားတို့ချင်းစကားပြောကျဦးနော် မနက်ဖြန် "

"ဟုတ်ကဲ့ပါမား စိတ်ချပါ"

ဆယ်ဟွန်းဘွဲ့ရသည့်နှစ်တွင်  မားရဲ့သူငယ်ချင်းဖြစ်သူ သမီး ဂန္ ယွန်းဟွာဆိုသည့်မိန်းကလေးနဲ့ လက်ထပ်ရန် မားက ပြောလာခဲ့သည်။ ခေါင်းလဲမညိမ့်ချင်ခဲ့သလို ခေါင်းလဲမခါချင်ခဲ့…။ ထိုသူလဲ သူ့လိုမျိုး အခြားမိန်းကလေးတစ်ယောက်နဲ့ရှိနေမှာပဲ ဆိုတာ တွေးမိလိုက်တိုင်း နှလုံးသားက အပျက်ပျက်အယွင်းယွင်း ဖြစ်လာခဲ့သည်။

My person (Completed) (z+u)Where stories live. Discover now