Part-23(z+u)

32 5 12
                                    

Part-23

ချိန်းထားတဲ့အချိန်များထက် ကျော်လွန်သွားချေပြီ…။ ကော်ဖီဆိုင်ရဲ့အပြင်ဘက်တံခါးဆီ အခါခါကြည့်နေပေမဲ့ သူမျှော်နေသည့် တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ကတော့ ထင်ဟပ်လာခြင်းမရှိခဲ့ပေ……။

"ဂျုံအင် ဒီတခါတော့လာပေးမယ်မလား ကျတော့်ကိုထပ်ပြီး မထားခဲ့လောက်ပါဘူးနော်"

လေယာဉ်ချိန်နီးလာသဖြင့် ဂျုံအင့်ဖုန်းဆီ ဆက်သွယ်လိုက်တော့ စက်ပိတ်ထားပါတယ်ပဲ ကြားရလေသည်။

"မဟုတ်သေးပါဘူး ဂျုံအင် မအားလို့ပဲနေမှာပါ ဟုတ်တယ် ဒီတခါတော့ ထပ်မလုပ်ရဘူးနော် "

ထိုင်နေရာမှထလိုက်ကာ ဂျုံအင့်ကို ထွက်စောင့်ရန် ကော်ဖီဖိုးရှင်းလိုက်ရင်း ကော်ဖီဆိုင်ထဲမှ ခြေလှမ်းကျဲဖြင့် ထွက်လာခဲ့မိသည်။

ဖုန်းလဲခေါ်မရသဖြင့် တစ်ခုခုများဖြစ်နေပြီလားတွေးမိရင်းစိတ်တို့ ပူလာရသည်။

" တီ တီ"

ဖုန်းမြည်သံကြောင့် ဂျုံအင့်ဆီမှများလားထင်ပြီး ဝမ်းသာအားရကြည့်လိုက်တော့ ဘတ်ဟျွန်းဆီမှ ဖြစ်နေခဲ့သည်။

"ဆယ်ဟွန်း"

"ဘတ်ဟျွန်း ဂျုံအင့်ဆီက အဆက်အသွယ်ရလားဟင် ကျတော်ဆက်တာ သူဖုန်းမကိုင်လို့ တခုခုများဖြစ်နေတာများလားဟင်"

"ဆယ်ဟွန်း နားထောင်နော် "

"ဟုတ်ကဲ့"

"ဂျုံအင်က မင်းကို ပြန်လိုက်တော့တဲ့ သူ့ကိုဆက်မစောင့်ပါနဲ့တော့ သူမလာဘူးတဲ့"

လမ်းမဘေးမှာရပ် ၍ ကားငှားနေမိသည့်လက်ပါအောက်သို့လျော့ကျသွားရင်း အသက်မဲ့သူလို ငြိမ်သက်သွားမိသည်။

ခဏတာတိတ်ဆိတ်သွားမိရင်း ခဏကြာတော့ဆယ်ဟွန်းဆီမှ လှောင်ရယ်နာကျည်းသံတစ်ခု ထွက်ကျလာခဲ့သည်။

" အဟက် အခု ကျတော့်ကို ထပ်စွန့်ပစ်လိုက်တာပဲပေါ့ ကျတော့်ကို ထပ်ပြီးထားပစ်ခဲ့တာပဲပေါ့ သူမရှိလို့မရပါဘူးဆိုတဲ့သူကို ထပ်ပြီး  ထပ်ပြီး… ကျတော့်ကို ဂျုံအင်က စွန့်ပစ်လိုက်တာပဲ"

ရယ်နေရင်း စီးကျလာသည့်မျက်ရည်တွေကို မြန်မြန်ဆန်ဆန်ပဲ သုတ်ယူလိုက်မိသည်။ သူထပ်ပြီးထပ်ပြီး ဂျုံအင့်ရှိရာဆီ သွားဖို့အင်အားမရှိတော့သလိုပဲ…။

My person (Completed) (z+u)Wo Geschichten leben. Entdecke jetzt